တက္ကသိုလ်ဝင်တန်းအောင်ပြီးသူများ ယဉ်ကျေးမှုအမွေအနှစ် စီမံခန့်ခွဲမှု ပညာဘာသာရပ်သင်ကြားနိုင်ပြီး ဝိဇ္ဇာဘွဲ့ ချီးမြှင့်မည်ဟုဆို

0
204

၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် ယဉ်ကျေးမှုအမွေအနှစ် စီမံခန့်ခွဲမှု ပညာဘာသာရပ်ကို စတင်ဖွင့်လှစ်သင်ကြားပို့ချမည်ဖြစ်ပြီး တက္ကသိုလ်ဝင်တန်းအောင်ပြီးသူ မည်သူမဆို အဆိုပါဘာသာရပ်ကို တတ်ရောက်သင်ကြားနိုင်ကာ ဝိဇ္ဇာဘွဲ့ ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

နိုဝင်ဘာလ (၁၇) ရက်တွင် ပြုလုပ်သည့် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်)၊ ယဉ်ကျေးမှုအမွေအနှစ် စီမံခန့်ခွဲမှုပညာဌာန ဖွင့်ပွဲအခမ်းအနားမှ သိရသည်။

အမျိုးသား ယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်) တွင် ဂီတ၊ သဘင်၊ ပန်းချီ၊ ပန်းပု၊ ရုပ်ရှင်နှင့် ပြဇာတ်အထူးပြု ဘာသာရပ်များကို သင်ကြားပို့ချပေးလျက်ရှိပြီး၊ ယခု ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ (၂၃) ရက်တွင် ဖွင့်လှစ်မည့် ၂၀၂၃ -၂၀၂၄ ပညာသင်နှစ်တွင် ယဉ်ကျေးမှုအမွေအနှစ် စီမံခန့်ခွဲမှု ပညာဘာသာရပ်ကို စတင်ဖွင့်လှစ်သင်ကြားပို့ချမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါပွဲကို အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာ တက္ကသိုလ် (ရန်ကုန်) စွယ်တော်ဆောင်၌ ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီးလူမှုရေးရာဝန်ကြီး ဦးမောင်မောင်သန်း၊ ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ကျော်ဦးလွင်၊ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်) ပါမောက္ခချုပ် ဒေါက်တာ ကေသီထွေး၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ၊ ဌာနမှူးများ၊ ရန်ကုန်တက္ကသိုလ်နှင့် ဒဂုံတက္ကသိုလ်တို့မှ ပါမောက္ခဌာနမှူးများ၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနမှ ဖိတ်ကြားထားသူများ၊ ရှေးဟောင်းသုတေသန ပညာရှင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ဆက်လက်၍ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်ဦးလွင်က ယဉ်ကျေးမှုအမွေအနှစ် စီမံခန့်ခွဲမှုပညာဌာန ဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(ရန်ကုန်) ပါမောက္ခချုပ်က ပညာဌာန ဖွင့်လှစ်ခြင်းဆိုင်ရာ ကိစ္စရပ်များကို ရှင်းလင်းပြောကြားခဲ့ကြောင်းလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here