ဘုရားကြီးမြို့တွင် (၁၂)ဘီး ယာဉ်မောင်း အိပ်ငိုက်ပြီး ညအိပ်ရပ်နားထားသည့် ယာဉ် (၃)စီးကို ဆင့်တိုက်မိရာ ယာဉ်နောက်လိုက် တစ်ဦး ဒဏ်ရာရ

0
251

ပဲခူးတိုင်းဒေသကြီး၊ ဘုရားကြီးမြို့တွင် ညအိပ်ရပ်နားထားသည့် ကားများအား (၁၂)ဘီးယာဉ်မှ ယာဉ်မောင်း အိပ်ငိုက်ပြီး ဝင်တိုက်မိရာ ယာဉ် (၄)စီးဆင့်တိုက်မှု ဖြစ်ပွားခဲ့ကြောင်း ဘုရားကြီးမြို့ အရန်မီးသတ်တပ်ဖွဲ့မှ သိရသည်။

ဘုရားကြီးမြို့၊ ကန်သာယာ၊ ဗိုလ်ချုပ်ကြေးရုပ်ရှေ့တွင် ညအိပ်ရပ်နားထားသည့် ကားများအား နိုဝင်ဘာ (၁၈)ရက် နံနက် (၂) နာရီခန့်က ဒိုက်ဦးမြို့ဘက်မှ ပဲခူးမြို့ဘက်သို့ ယာဉ်မောင်း စိုင်းဝိုင်းဝိုင်း မောင်းနှင်ပြီး၊ ယာဉ်နောက်လိုက် ကျော်ဇင်ထွန်း လိုက်ပါလာသည့် ၁၂ ဘီးယာဉ်မှ ယာဉ်မောင်း အိပ်ငိုက်ပြီး ဝင်ရောက် တိုက်မိခြင်းဖြစ်သည်

ဖြစ်စဉ်အရ ညအိပ်ရပ်နားထားသည့် ယာဉ်အမှတ် 1B/—– အပြာရောင်နစ်ဆန်း ဒီဇယ်ထရပ်ကား၊ ယာဉ်အမှတ် 7C/—- ခရီးသည်တင်ဘတ်စ်ကားနှင့် ယာဉ်အမှတ် 1B/—- UD ထရပ်ကားအား ထပ်ဆင့်တိုက်မိခဲ့ကြောင်း သိရသည်။

ထိုသို့ ယာဉ် (၄)စီး ဆင့်တိုက်မိရာ ယာဉ်နောက်လိုက် ကျော်ဇင်ထွန်း၏ ခြေထောက်တွင် ပြင်းထန်ဒဏ်ရာ ရရှိသွားခဲ့ပြီး အရန်မီးသတ်တပ်ဖွဲ့ ဘုရားကြီးမြို့၏ ရှာဖွေကယ်ဆယ်ရေးယာဉ် No(1) ဖြင့် ပဲခူးမြို့ဆေးရုံကြီးသို့ တင်ပို့ကုသပေးခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here