YBS အမှတ် (၁၄၄)ယာဉ်လိုင်းသစ်အား နိုဝင်ဘာ (၂၃)ရက်တွင် စတင်ပြေးဆွဲမည်ဆိုသည့်သတင်း ကုမ္ပဏီဘက်မှ အတိအကျမသိရသေး ဟုဆို

0
180

ပြည်စံသူကုမ္ပဏီက YBS အမှတ်(၁၄၄) ယာဉ်လိုင်းသစ်ကို ယခုလ နိုဝင်ဘာ (၂၃)ရက်တွင် စတင်ပြေးဆွဲပေးမည်ဖြစ်ကြောင်း ယနေ့ နိုဝင်ဘာ (၁၈) မွန်းလွှဲပိုင်းက YBS လမ်းညွှန် ဖေ့စ်ဘွတ်စာမျက်နှာတွင်အသိပေးထားသည်။

ယင်းအသိပေးချက်တွင် အဆိုပါယာဉ်အနေဖြင့် ယုဇနမှ တောင်ဒဂုံ- သုဝဏ္ဏ- တာမွေ-မြေနီကုန်း-အထက်ကြီးမြင်တိုင်မှ သခင်မြပန်းခြံအထိ ပေးဆွဲမည်ဟု သိရသည်။

ယင်း‌ ယာဉ်လိုင်းအသစ်ပြေးဆွဲမှုနှင့်ပတ်သက်၍ ပေါ်ပြူလာနယူးစ်က ပြည်စံသူကုမ္ပဏီသို့ ဆက်သွယ်မေးမြန်းရာ အတိအကျမပြောနိုင်သေးကြောင်း ပြန်လည်ဖြေကြားသည်။

“ကျွန်တော် လူကြီးသွားသတင်းပို့တော့အတိအကျ မသိသေးပါဘူးလို့ ပြောပါတယ်”ဟု ဆိုသည်။

အဆိုပါ ယာဉ်လိုင်းအသစ် ပြေးဆွဲပေးမည်ဆိုသည့်သတင်းကြောင့် ခရီးသွားပြည်သူအချို့က ယခုပြေးဆွဲပေးမည့်လမ်းကြောင်းသည် YBSအမှတ်(၅၉)တစ်စီးသာအားပြုစီးနေရသည့်အတွက်အလွန်အဆင်ပြေကြောင်း ပြောဆိုကြသည်။

လက်ရှိကာလတွင် YRTC၏ ကြီးကြပ်မှုအောက်၌ အများနှင့်ဆိုင်သော YBS ကုမ္ပဏီ (၂၁)ခုက ယာဉ်လိုင်းပေါင်း (၁၄၅)လိုင်း၊ ယာဉ်စီးရေ (၃၇၀၀)ခန့်ဖြင့် ရန်ကုန်နေပြည်သူ ၁ ဒဿမ ၄ သန်းကျော်ကို နေ့စဉ် ပို့ဆောင်ပေးလျှက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here