ရန်ကုန်မြို့ရှိ Governor’s Residence အား ၃ နှစ်အကြာတွင် Memories Group မှ ပြန်လည်ဖွင့်လှစ်

0
275

၁၈ နိုဝင်ဘာ ၂၀၂၃, ရန်ကုန် (မြန်မာ)

ရန်ကုန်မြို့ရှိ အထင်ကရ အဆောက်အဦတစ်ခုဖြစ်တဲ့ Governor’s Residence ကို ၃ နှစ်ကြာ ဆိုင်းငံ့ထားပြီးတဲ့နောက် ကောင်းမွန်တဲ့မွမ်းမံပြင်ဆင်မှုများနှင့်အတူ Memories Group မှ ပြန်လည်ဖွင့်လှစ်သွားမှာဖြစ်ပါတယ်။ ဤသို့ ပြန်လည်မိတ်ဆက်ခြင်းဟာ မြန်မာနိုင်ငံရဲ့ အကျော်ကြားဆုံးသော အထင်ကရနေရာတစ်ခုအနေနဲ့ ခမ်းနားထည်ဝါမှုနှင့်အတူ ခေတ်နှင့်လျော်ညီ‌သော ကျက်သရေဆောင် အခန်းကဏ္ဍသစ်တစ်ခုကို ဖော်ဆောင်ပြီးလှိုက်လှဲစွာ ကြိုဆိုနိုင်မယ်ဆိုတာ ယုံကြည်ပါတယ်။

ရန်ကုန်မြို့လယ်ခေါင်မှာ တည်ရှိတဲ့ Governor’s Residence ဟာ ၎င်း၏ သမိုင်းကြောင်းကြွယ်ဝမှု၊ ကိုလိုနီခေတ် အငွေ့အသက်များနဲ့ တမူထူးခြားပြည့်စုံတဲ့ ဧည့်ဝတ်ပြုမှု‌တွေကြောင့် ထင်ရှားခဲ့တာဖြစ်ပါတယ်။ Memories Group ရဲ့ စီမံကွပ်ကဲမှုအောက်မှာ အားလုံးရဲ့ အမွေအနှစ်‌ မပျောက်ပျက်စေဘဲ ဒီနေရာကို မူလဟန် မပျက် ခေတ်မီတဲ့ပြင်ဆင်မှုများဖြင့် ဆက်လက်ထိန်းသိမ်းထားပါတယ်။

Governor’s Residence ကို ပြန်လည်ဖွင့်လှစ်ခြင်းဟာ Memories Group နှင့်အတူ အားလုံးအတွက် စိတ်လှုပ်ရှားစေမယ့် အခိုက်အတန့်တစ်ခု ဖြစ်ပါလိမ့်မယ်။ မူလကျက်သရေကို ထိန်းသိမ်းပြီး ပြန်လည်ပြုပြင်ထားတာကြောင့် လူကြီးမင်းတို့အနေနဲ့ တစ်ချိန်က ခမ်းနားမှုတွေကို ပြန်လည်မြင်တွေ့နိုင်မယ်ဆိုတာ အမှန်ပါပဲ။ လက်ရာမြောက်သော နေရာထိုင်ခင်း၊ ကောင်းမွန်သော စားသောက်ဖွယ်ရာများနှင့် ခမ်းနားသော ဘား အပြင်အဆင်တွေက ပုံမှန်ထက် ထူးခြားတဲ့အတွေ့အကြုံကို ခံစားချင်သူတွေအတွက် အသင့်စောင့်ကြိုနေပါတယ်။ ဒါ့အပြင် Memories Group ရဲ့ အခြား ဟိုတယ်နှင့် ခရီးသွား ဝန်ဆောင်မှုများကိုပါ ပူးတွဲခံစားနိုင်မယ့် Governor’s Club ဆိုတဲ့ ဆိုရှယ်ကလပ် အသစ်တစ်ခုကိုပါ ထည့်သွင်း‌ထားတာကြောင့် သီးသန့်ဆန်ပြီး ကောင်းမွန်ံတဲ့ အသိုက်အဝန်းအတွက် အံဝင်ခွင်ကျစေမှာ ဖြစ်ပါတယ်။

Memories Group ရဲ့ CEO ဖြစ်သူ Cyrus Pun က “Governor’s Residence ကို ပြန်လည်မိတ်ဆက်ရခြင်းအတွက် အလွန်ဂုဏ်ယူဝမ်းမြောက်မိပါတယ်။ ကျွန်တော်တို့ဟာဆိုရင် လိုအပ်တဲ့ အချက်အလက်၊ အသေးစိတ် လုပ်‌ဆောင်မှုတွေနဲ့ အတွေ့အကြုံတိုင်းကို မျှော်မှန်းထားတာတွေထက် ကျော်လွန်နိုင်စေဖို့ မမောမပန်း လုပ်ဆောင်ခဲ့ကြပါတယ်။ ဒါ့‌ကြောင့် ဂုဏ်သရေရှိ လူကြီးမင်းတို့ကို ကျက်သရေရှိတဲ့ ဒီလိုနေရာ‌မှာ အကောင်းဆုံးသော ဝန်ဆောင်မှုတွေနဲ့အတူ စိတ်ချလက်ချ အပန်းဖြေအနားယူကြည့်ဖို့ ဖိတ်ခေါ်ချင်ပါတယ်။ အပြင်အဆင်များကို မူလဟန်မပျက်အောင် ထိန်းသိမ်းရင်း စိတ်လှုပ်ရှားဖွယ်ရာ ကမ်းလှမ်းချက်အသစ်များကို ထည့်သွင်းနိုင်ခဲ့တာကြောင့် များစွာဝမ်းမြောက်ရပါတယ်။” လို့လည်း ပြောကြားခဲ့ပါတယ်။

Governor’s Residence ကို နိုဝင်ဘာ ၁၈ ရက်နေ့မှစ၍ လူကြီးမင်းတို့အား အရင်တစ်ချိန်ကခမ်းနားလှပမှုတွေကို တမ်းတခံစားမိစေဖို့ ပြန်လည် ဖွင့်လှစ်ပေးသွားမှာ ဖြစ်ပါတယ်။
အသေးစိတ် ဆက်သွယ်မေးမြန်းရန်
Theodore Mawia
Memories Group
+959 777 221 991
[email protected]

Memories Group အကြောင်း

Memories Group ဟာ မြန်မာနိုင်ငံရဲ့ ကြွယ်ဝသော ယဉ်ကျေးမှုအမွေအနှစ်များနှင့် သဘာဝအလှတရားများကို ထိန်းသိမ်းမြှင့်တင်ရန် ရည်ရွယ်ထားတဲ့ ထင်ရှားသော ဟိုတယ်နှင့် ခရီးသွား ကုမ္ပဏီတစ်ခုဖြစ်ပါတယ်။ ရေရှည်တည်တံ့သောခရီးသွားလုပ်ငန်းများကို ဖော််ဆောင်မည့် ကတိကဝတ်များနှင့်အတူ အရှေ့တောင်အာရှရဲ့ ဟိုတယ်နှင့် ခရီးသွားနယ်ပယ်အတွင်း ဇိမ်ခံအပန်းဖြေဝန်ဆောင်မှုများစွာဖြင့် အကောင်းဆုံး ရပ်တည်လျက်ရှိပါတယ်။

Memories Group အကြောင်းအရာများကို ပိုမိုလေ့လာရန် https://memoriesgroup.com သို့ ဝင်ရောက်ပါ။
Governor’s Residence အကြောင်းအရာများကို ပိုမိုလေ့လာရန် https://governorsresidence.com သို့ ဝင်ရောက်ပါ။


LEAVE A REPLY

Please enter your comment!
Please enter your name here