မြန်မာ-မြောက်ကိုရီးယား ဘောလုံးအသင်း သတင်းစာရှင်းလင်းပွဲ အချိန်ပြောင်းလဲသတ်မှတ်

0
271

ယနေ့ နိုဝင်ဘာ (၂၀) ရက်တွင် ပြုလုပ်မည့် 2026 FIFA World Cup qualification ကမ္ဘာ့ဖလားခြေစစ်ပွဲ ဒုတိယအဆင့် အုပ်စုပွဲစဉ်အတွက် သတင်းစာရှင်းလင်းပွဲကို အချိန်အနည်းငယ် ပြောင်းလဲသတ်မှတ်ထားကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က အသိပေးထုတ်ပြန်ထားသည်။

ယင်း ပွဲစဥ်အတွက် မြောက်ကိုရီးယားအသင်း သတင်းစာရှင်းလင်းပွဲကို
ယခင်က နိုဝင်ဘာ(၂၀)ရက် နေ့လည် (၂)နာရီအစား ညနေ(၃)နာရီ (၄၅)မိနစ် သို့ ပြောင်းလဲသတ်မှတ်ထားပြီး၊ မြန်မာအသင်း၏ သတင်းစာရှင်းလင်းပွဲကို ညနေ (၅)နာရီတွင် ဆက်လက်ကျင်းပသွားမည်ဖြစ်သည်။

သတင်းစာရှင်းလင်းပွဲအပြီး အသင်းနှစ်သင်း၏ Official Training ကို သတင်း/ဓာတ်ပုံ (၁၅)မိနစ်စီ ရိုက်ကူးခွင့်ရရှိမည်ဖြစ်ကြောင်း သိရသည်။

2026 FIFA World Cup qualification ကမ္ဘာ့ဖလားခြေစစ်ပွဲ ဒုတိယအဆင့် အုပ်စုပွဲစဉ် နိုဝင်ဘာ (၂၁)ရက် ညနေ (၄) နာရီအချိန်တွင် ရန်ကုန်မြို့၊ သုဝဏ္ဏအား ကစားကွင်း၌ ယှဉ်ပြိုင်ကစားကြမည်ဖြစ်သည်။

မြန်မာ – မြောက်ကိုရီးယား ပွဲစဥ်အတွက် လက်မှတ်များကို အထူးတန်း (၅၀၀၀) ကျပ်၊ ရိုးရိုးတန်း (၂၀၀၀ )ကျပ်ဖြင့် ရောင်းချသွားမည်ဖြစ်သည်။

ပွဲစဥ်အတွက် လက်မှတ်များကို နိုဝင်ဘာ (၂၀)ရက်တွင် နံနက် (၁၀)နာရီမှ ညနေ (၄) နာရီအထိလည်းကောင်း ၊ နိုဝင်ဘာ (၂၁)ရက်တွင် နံနက် (၁၀)နာရီမှ နေ့လယ် (၂)နာရီအထိ လည်းကောင်းမြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်တွင် ဝယ်ယူနိုင်မည် ဖြစ်သည်။

အသင်းနှစ်သင်းကစားမည့်ရက် နိုဝင်ဘာ ၂၁ ရက်တွင် လက်မှတ်ဝယ်လိုသူများ ယင်းနေ့ နေ့လယ် (၂)နာရီမှ စတင်၍ အထူးတန်း လက်မှတ်များကိုသုဝဏ္ဏကွင်း (Gate-2) ၌ လည်းကောင်း၊ ရိုးရိုးတန်း လက်မှတ်များကို သုဝဏ္ဏကွင်း (Gate-8)၌ လည်းကောင်း ဝယ်ယူနိုင်ကြောင်း အသိပေးထားသည်။

ပုံစာ- မြန်မာလက်ရွေးစင်အသင်း မြောက်ကိုရီးယားအသင်းနှင့်ပွဲစဉ်အတွက် လေ့ကျင့်ပြင်ဆင်စဉ်


LEAVE A REPLY

Please enter your comment!
Please enter your name here