တောင်ဥက္ကလာပမြို့နယ်ရှိ အဆောက်အဦတစ်ခုတွင် မီးလောင်မှု ဖြစ်ပွား

0
271

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမြို့နယ် အမှတ်(၃)ရပ်ကွက်၊ သစ္စာလမ်း၊ ဗဟိုဈေးမှတ်တိုင်အနီး နိုဝင်ဘာ ၂၀ ရက် နံနက် ၉ နာရီ ၆ မိနစ်အချိန်ခန့်က အဆောက်အဦတစ်ခုတွင် မီးလောင်မှု ဖြစ်ပွားကြောင်း တောင်ဥက္ကလာပမြို့နယ်မီးသတ်စခန်းမှ သိရသည်။

အဆိုပါ မီးလောင်မှုဖြစ်ပွားကြောင်း သတင်းအရ တောင်ဥက္ကလာပမြို့နယ် မီးသတ်စခန်း မီးသတ်ယာဉ်(၂)စီး၊ ရန်ကင်းမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၁)စီးတို့ဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ကြောင်း သိရသည်။

ထိုသို့ ငြှိမ်းသတ်ရာ နံနက် ၉ နာရီ ၁၂ မိနစ်အချိန်တွင် မီးထိန်းနိုင်ခဲ့ပြီး ၉ နာရီ ၂၂ မိနစ်အချိန်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း မီးသတ်တပ်ဖွဲ့မှ သိရသည်။

အဆိုပါ အဆောက်ဦ မီးလောင်ကျွမ်းမှု ဖြစ်စဉ် အသေးစိတ်၊ ပျက်စီးဆုံးရှုံးမှုနှင့် ထိခိုက်ဒဏ်ရာ ရရှိမှု ရှိ / မရှိ အခြေနေကို မီးသတ်တပ်ဖွဲ့မှ စစ်ဆေးစုံစမ်းလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here