မြွေဆိပ်ဖြေဆေးအပြင် ကာကွယ်ဆေးထိုးခြင်းနှင့် သွေးရည်ကြည် စုဆောင်းခြင်း ဆောင်ရွက်မည်

0
177

မြန်မာနိုင်ငံတွင် အရည်အသွေးပြည့်မီသည့် မြွေဆိပ်ဖြေဆေးအပြင် ကာကွယ်ဆေးထိုးခြင်းနှင့် သွေးရည်ကြည် စုဆောင်းခြင်း စီမံချက်များကို ဘရာဇီးလ်နိုင်ငံနှင့် ပူးပေါင်းကာ မကြာမီ အကောင်အထည်ဖော် ဆောင်ရွက်သွားနိုင်တော့မည်ဖြစ်ကြောင်း သိရသည်။

နိုဝင်ဘာလ (၁၇) ရက်တွင် ဘရာဇီးလ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးအောင်ကျော်ဇံသည် ဘရာဇီးလ်နိုင်ငံခြားရေးဝန်ကြီးဌာနလက်အောက်ရှိ ဘရာဇီးလ် ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ (Brazilian Cooperation Agency – ABC)၊ အာဖရိက၊ အာရှ နှင့် သမုဒ္ဒရာကျွန်းစုဒေသဆိုင်ရာ နည်းပညာအထွေထွေပူးပေါင်းဆောင်ရွက်မှုဌာနခွဲ၏ အကြီးအကဲဖြစ်သူ Mr. Nelci Peres Caixeta ထံ သွားရောက်တွေ့ဆုံခဲ့သည်။

ထိုသို့ တွေ့ဆုံစဉ် ဘရာဇီးလ် ဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီ ၏ မူဘောင်အောက်တွင် မြန်မာ နှင့် ဘရာဇီးလ် နှစ်နိုင်ငံအကြား လက်မှတ်ရေးထိုးထားသည့် မြန်မာနိုင်ငံတွင် မြွေဆိပ် ဖြေဆေးထုတ်လုပ်ရာ၌ အသုံးပြုသော နည်းပညာများမြှင့်တင်ရေး စီမံကိန်း သဘောတူညီချက်အရ အကောင်အထည် ဖော်ဆောင်မည့် လုပ်ငန်းစဉ်များ၊ နှစ်နိုင်ငံ နည်းပညာ/ ကျွမ်းကျင် ပညာရှင်များ အပြန်အလှန် ဆွေးနွေးဖလှယ်မှု အစီအစဉ်များကို ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် မြွေအမျိုးအစား (၁၅၀) ခန့်ရှိပြီး အဆိပ်ပြင်းသော မြွေဆိုး အမျိုးအစားပေါင်း ၅၀ ခန့် ရှိကြောင်း၊ အဆိုပါ မြွေဆိုးများအနက် ၉၀ ရာခိုင်နှုန်းသည် မြွေပွေးများဖြစ်ပြီး ကျန်ရာခိုင်နှုန်းမှာ မြွေဟောက်၊ ငန်းတော်ကျား၊ ငန်းပုပ်၊ ပင်လယ်ဂျပ်မြွေ၊ မြွေစိမ်းမြီးခြောက်နှင့် အခြားမြွေတို့ ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here