ပြည်တွင်း၌ စွမ်းအင်ပြည့်ဝရန် စိန်ခေါ်မှုနှင့် အတားအဆီးအချို့ရှိနေဟုဆို

0
198

ဖွံ့ဖြိုးဆဲနိုင်ငံတစ်ခုအနေဖြင့် စွမ်းအင် ရည်မှန်းချက်ကို ပြည့်မီစေရန် စိန်ခေါ်မှုများနှင့် အတားအဆီး အချို့ရှိနေကြောင်းပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းက ပြောကြားခဲ့သည်။

တရုတ်အမျိုးသားစွမ်းအင်စီမံခန့်ခွဲမှုဌာနနှင့် ကွမ်တုံးပြည်နယ် ရှန်းကျန်းမြို့ မြူနီစီပယ် အစိုးရတို့ကကြီးမှူးကျင်းပသော (၆) ကြိမ်မြောက် အာရှ-ပစိဖိတ်ဒေသ စွမ်းအင်ကြီးကြပ်မှုဆိုင်ရာဖိုရမ်တွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

ထို့အပြင် စွမ်းအင်စီမံခန့်ခွဲမှုအတွက် ထိရောက်သော လုပ်ငန်းစဉ်များဖြင့် နိုင်ငံသားအားလုံး ကောင်းမွန်သော အလုပ်အကိုင်များရရှိရေး၊ လူနေမှုအဆင့်အတန်း မြင့်မားလာစေရေးကို လျှပ်စစ်ကားများသုံးစွဲခြင်းနှင့် Smart Grid များ ဖြန့်ကြက်ခြင်းဖြင့် မြို့ပြဖွံ့ဖြိုးရန် ဆောင်ရွက်နေကြောင်း၊ အာရှ-ပစိဖိတ်ဒေသတွင်း “စွမ်းအင် ဈေးကွက်တည်ထောင်ခြင်းနှင့် အစိမ်းရောင် စွမ်းအင်အသုံးပြုမှုကူးပြောင်းခြင်း ”ကို အောင်မြင်စွာ အကောင်အထည်ဖော်နိုင်မည်ဟု ယုံကြည်ကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။

ထို့အပြင် မြန်မာနိုင်ငံတွင် ၂၀၂၃ ခုနှစ်၌ စုစုပေါင်း တပ်ဆင်စက်အင်အားမှာ ၇၃၂၉ မဂ္ဂါဝပ်ဖြစ်ပြီး လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရန် စွမ်းအင်အမျိုးအစားပါဝင်မှုမှာ ရေအားလျှပ်စစ်မှ ၄၅ ရာခိုင်နှုန်း၊ သဘာဝဓာတ်ငွေ့မှ ၅၀ ရာခိုင်နှုန်း၊ ကျောက်မီးသွေးမှ ၂ ရာခိုင်နှုန်း၊ ဆိုလာမှ ၂ ရာခိုင်နှုန်းနှင့် ဒီဇယ်မှ ၁ ရာခိုင်နှုန်းဖြစ်ကြောင်း သိရသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အမျိုးသား စွမ်းအင်စီမံအုပ်ချုပ်ရေးအဖွဲ့ (National Energy Administration- NEA) ဥက္ကဋ္ဌ မစ္စတာကျန်း ကျင့်ဟွားနှင့်အဖွဲ့အား တွေ့ဆုံပြီး လျှပ်စစ်စွမ်းအား ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်သွားနိုင်ရေး ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်းလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here