ဘာတာမှတ်တိုင်အနီးတွင် အမျိုးသမီး (၂) ဦးကို ယာဉ်တစ်စီးမှ ဝင်တိုက်မိပြီး တစ်ဦး‌ေ-သဆုံးကာ တစ်ဦးဆေးကုသမှု ခံယူနေရ

0
331

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်၊ ဘာတာမှတ်တိုင်အနီးတွင် နိုဝင်ဘာ (၁၉)ရက် ညပိုင်းအချိန်က လမ်းလျှောက်လာသည့် အမျိုးသမီး (၂) ဦးကို ယာဉ်တစ်စီးမှ ဝင်တိုက်မိခဲ့ရာ တစ်ဦး‌ေ-သဆုံးခဲ့ရကြောင်းနှင့် တစ်ဦးမှာ ဆေးကုသမှု ခံယူနေရကြောင်း မိသားစုဝင်များထံမှ သိရသည်။

“ညီမရဲ့ အစ်မနှစ်ယောက်ပါ။ တိုက်တဲ့သူကို ဖမ်းခေါ်လာခဲ့ပေးတာ ကျေးဇူးတင်ပါတယ်။ အစ်မ အငယ်ကတော့ ဆုံးသွားပါပြီ။ အစ်မကြီးကတော့ ခွဲစိတ်ခန်းဝင် ကုသနေတုန်းပါ။ မိသားစုရဲ့ ဆုံးရှုံးမှုအပေါ် ကြေကွဲဝမ်းနည်းရတဲ့ စိတ်ကတော့ စကားလုံးနဲ့ ဖော်ပြစရာကို မရှိပါဘူး။”ဟု မိသားစုဝင်တစ်ဦးက လူမှုကွန်ရက်စာမျက်နှာတွင် ဝမ်းနည်ကြောင်း မှတ်ချက်ပြု ရေးသားထားသည်။

ဖြစ်စဉ်မှာ ဘာတာမှတ်တိုင်အနီး လမ်းလျှောက်လာသည့် အသက် (၃၀) နှစ် အရွယ် အမျိုးသမီး (၂) ဦးကို ယာဉ်တစ်စီးမှ တိုက်မိပြီး ထွက်ပြေးခဲ့သည့်အတွက် တာဝန်သိပြည်သူများမှ အနောက်မှလိုက်လံကာ အခင်းဖြစ်နေရာသို့ ဖမ်းဆီးခေါ်‌ဆောင်လာခဲ့ခြင်းဖြစ်သည်။

လူမှုကွန်ရက်တွင် ပျံ့နှံ့နေသည့် အဆိုပါ ယာဥ်တိုက်မှု ရုပ်သံဖိုင်ပါမြင်ကွင်းအရ ယာဉ်တိုက်ခံရသူ နှစ်ဦးအနက် တစ်ဦးမှာအနီးရှိ ဈေးဆိုင် တစ်ဆိုင်အနီးသို့ လွင့်ထွက်သွားခဲ့ပြီး ကျန်တစ်ဦးမှာ လမ်းဘေးတွင် လဲနေသည်ကို တွေ့ရသည်။

လက်ရှိတွင် ယာဉ်တိုက်ခံရသူ အမျိုးသမီးတစ်ဦးမှာ ရရှိဒဏ်ရာများကြောင့် ရန်ကုန်ပြည်သူ့ ဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေရကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here