ထုပ်ဆီးတိုးအားကစားကို နိုင်ငံတကာရိုးရာအားကစားနည်းများနှင့် သရုပ်ပြပွဲတော်များတွင် ပြသခွင့်ရရှိစေရန် ဆောင်ရွက်နေ

0
313

မြန်မာ့ရိုးရာ အားကစားနည်း တစ်ခုဖြစ်သော ထုပ်ဆီးတိုးအားကစားကို နိုင်ငံတကာ ရိုးရာအားကစားနည်းများနှင့် သရုပ်ပြပွဲတော်များတွင် ပြသခွင့်ရရှိစေရန် ဆောင်ရွက်နေကြောင်း အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနထံမှ သိရသည်။

မြန်မာ့ရိုးရာအားကစားနည်းများကို ဖော်ထုတ်ကာ နိုင်ငံတကာ ရိုးရာအားကစားနည်းများနှင့် ရင်ဘောင်တန်း ယှဉ်ပြိုင်နိုင်ရန်နှင့် နိုင်ငံတကာရိုးရာ အားကစားသရုပ်ပြ ပွဲတော်များတွင် မြန်မာ့ရိုးရာ အားကစားနည်း ပြသခွင့်ရရှိစေရေးအတွက် ရည်ရွယ်၍ အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာနမှ ကြီးမှူး၍ မြန်မာနိုင်ငံရိုးရာ အားကစားအဖွဲ့ချုပ်မှ ထုပ်ဆီးတိုးဒိုင်/နည်းပြသင်တ န်း(၁/၂၀၂၃) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နိုဝင်ဘာ (၂၀) ရက် နံနက်က ရန်ကုန်မြို့၊ ကျိုက္ကဆံအားကစားကွင်းရှိ အားကစားနှင့် ကာယပညာသိပ္ပံ(ရန်ကုန်) ရုံးဟောင်း သင်တန်းခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ သင်တန်းကို နိုဝင်ဘာလ(၂၀)ရက်နေ့မှ (၂၄)ရက်အထိဖွင့်လှစ်မည်ဖြစ်ပြီး ထုပ်ဆီးတိုး ဥပဒေသများ ၊ ဒိုင်များ ၏ တာဝန်များ၊ ပြစ်ဒဏ်များနှင့် ကွင်းအတိုင်းအတာတို့ကို စာတွေ့လက်တွေ့ သင်ပြသွားမည်ဖြစ်ကာ သင်တန်းသို့ ပြည်နယ်နှင့်တိုင်းဒေသကြီးအသီးသီးမှ သင်တန်းသား/သင်တန်းသူ (၂၅)ဦး ၊ ပြင်ပမှ (၂၀)ဦး၊ စုစုပေါင်း (၄၅)ဦးတက်ရောက်လျက်ရှိကြောင်းသိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here