မသန်စွမ်းသူများ တရားဥပဒေအရ အကာအကွယ် မရရှိလျှင် တိုင်းနှင့်ပြည်နယ်များရှိ M.F.P.D သို့ဆက်သွယ်အကူအညီတောင်းခံနိုင် ဟုဆို

0
171

မြန်မာနိုင်ငံတစ်ဝှမ်းရှိ မသန်စွမ်းသူများ တရားဥပဒေအရ အကာအကွယ် မရရှိပါက အကူအညီ တောင်းခံနိုင်ကြောင်း မြန်မာနိုင်ငံမသန်စွမ်းသူများအသင်းချုပ်ရုံး(M.F.P.D)က ယမန်နေ့တွင် ထုတ်ပြန် ကြေညာထားသည်။

ထို့အပြင် နိုင်ငံတော်က ဖွင့်လှစ်ထားရှိသော ဆေးရုံများတွင် ဆေးဝါးကုသခံယူမှုအတွက် လက်မခံလျှင်သော်လည်းကောင်း၊ ကျောင်းအပ်နှံရာတွင် လက်မခံလျှင်သော်လည်းကောင်း အကူအညီတောင်းခံနိုင်ကြောင်း ဆိုသည်။

မသန်စွမ်းသူများအသင်းကို နိုင်ငံတစ်ဝှမ်းရှိ တိုင်းဒေသကြီးနှင့်ပြည်နယ် (၁၃)ခုတို့တွင် ဖွင့်လှစ်ထားရှိပြီး၊ လိုအပ်သည့်အကူအညီများတောင်းခံနိုင်သည်ဟု ထုတ်ပြန်ချက်တွင်ပါရှိသည်။

ထို့အတူ နိုင်ငံတော်အစိုးရ၏ ပြည်သူ့ရေးရာ ဝန်ဆောင်မှုများကို အများနည်းတူ ရရှိရန်အခက်အခဲရှိပါကလည်း သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်များအတွင်းရှိ အသင်းချုပ်ရုံးများသို့ ဖုန်းဖြင့်ဖြစ်စေ၊ အသင်းချုပ်၏ဖေ့ဘွတ်စ် မက်ဆင်ဂျာမှဖြစ်စေ ဆက်သွယ်နိုင်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် မသန်စွမ်းသူဦးရေ ၁ ဒသမ ၂ သန်း ခန့်ရှိပြီး၊ အရှေ့တောင်အာရှအာဆီယံဒေသတွင်းနိုင်ငံများတွင် မသန်စွမ်းသူ ဦးရေ သန်းပေါင်း (၉၀)ခန့်ရှိကာ မြန်မာနိုင်ငံအပါအဝင် အာဆီယံ (၁၀) နိုင်ငံအနေဖြင့် ကုလသမဂ္ဂမသန်စွမ်းသူများ အခွင့်အရေး ဆိုင်ရာ ကွန်ဗင်းရှင်းကို အတည်ပြုလက်မှတ် ရေးထိုးထားကြောင်း သိရသည်။

ဓာတ်ပုံ M.F.P.D


LEAVE A REPLY

Please enter your comment!
Please enter your name here