ခေတ်သစ်ပြည်သူ့ပါတီနှင့် လေဘာပါတီကို နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြု

0
693

ခေတ်သစ်ပြည်သူ့ ပါတီနှင့် လေဘာပါတီကို နိုင်ငံရေးပါတီအဖြစ် နိုဝင်ဘာ(၂၀)ရက်မှ စတင်၍ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုလိုက်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC)၏ ထုတ်ပြန်ချက်ကြေညာချက်အရ သိရသည်။

ရန်ကုန်တိုင်းဒေသကြီး ကမာရွတ်မြို့နယ် (၅)ရပ်ကွက် အောင်သုခလမ်း၊ တိုက် (၁၀၀/၁၀၁) အခန်း (၁၀၁) တွင် ပါတီရုံးချုပ်ဖွင့်လှစ်ထားသော ခေတ်သစ်ပြည်သူ့ ပါတီကို နိုင်ငံရေးပါတီ မှတ်ပုံတင်ခြင်း ဥပဒေ ပုဒ်မ (၉) နှင့် အညီ မှတ်ပုံတင်အမှတ် (၄၁)ဖြင့် မှတ်ပုံတင်ခွင့်ပြုလိုက်ကြောင်း နိုဝင်ဘာ (၂၀) ရက်တွင် UEC က ကြေညာခဲ့ခြင်းဖြစ်သည်။

ထို့အတူ ရန်ကုန်တိုင်းဒေသကြီး ကျောက်တံတားမြို့နယ်၊ (၁)ရပ်ကွက်၊ မဟာဗန္ဓူလပန်းခြံလမ်းနှင့် ဘဏ်လမ်းထောင့်၊ အမှတ် (၃၃/၄၉)တွင် ပါတီရုံးချုပ်ဖွင့်လှစ်ထားသော လေဘာပါတီကို နိုင်ငံရေးပါတီ မှတ်ပုံတင်ခြင်း ဥပဒေ ပုဒ်မ (၉) နှင့် အညီ မှတ်ပုံတင်အမှတ် (၄၂)ဖြင့် မှတ်ပုံတင်ခွင့်ပြုလိုက်ကြောင်း နိုဝင်ဘာ (၂၀) ရက်တွင် UEC က ဆက်လက် ထုတ်ပြန် ကြေညာခဲ့ခြင်းဖြစ်သည်။

နိုင်ငံရေးပါတီ တည်ထောင်လိုသူများအနေဖြင့် ၎င်းတို တည်ထောင်လိုသော ပါတီအမည်ကို ဖော်ပြ၍ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သို့ လျှောက်ထားလျက်ရှိပြီး ကျန်ပါတီများကို မှတ်ပုံတင်ခွင့်ပြုနိုင်ရေး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဆက်လက်စိစစ်လျက်ရှိကြောင်း သိရသည်။

၂၀၂၃ ခုနှစ် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေအရ မှတ်ပုံပြန်လည်လျှောက်ထားသည့် ပါတီနှင့် ပါတီသစ် တည်ထောင်ခွင့်ပြုရန် လျှောက်ထားခဲ့သည့် ပါတီ (၆၀) ကျော်အနက် ထက်ဝက်ကျော်သာ ပါတီမှတ်ပုံတင် ခွင့်ပြုချက်ရရှိထားပြီး ပါတီအချိုမှာ လက်ရှိအချိန်ထိ မှတ်ပုံတင်ခွင့်ပြုခံရခြင်း မရှိသေးဘဲရှိနေသေးခြင်း ဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here