ထိုင်ဝမ် အမျိုးသားတစ်ဦးအားသ-တ်ခဲ့သည့် မြန်မာနိုင်ငံသားနှင့်ကင်မရွန်းနိုင်ငံသား ကြေးစားလူသ-တ်သမားတို့အား ထိုင်းရဲ ကဖမ်း

0
254

ဘန်ကောက်၊နိုဝင်ဘာ ၁၉

ဘန်ကောက်မြို့ Bang Na ခရိုင်ရှိဟိုတယ်တစ်ခု၌ ထိုင်ဝမ်အမျိုးသားတစ်ဦးအားသ-တ်ဖြတ်မှုဖြင့် ကင်မရွန်းနိုင်ငံသားနှင့် မြန်မာနိုင်ငံသား အမျိုးသားနှစ်ဦးကို ထိုင်းရဲတပ်ဖွဲ့ကဖမ်းဆီးလိုက်ပြီဖြစ်ကာ ယခုအမှု၌ ထိုင်းအမျိုးသမီးတစ်ဦးသည်လည်း ရာဇ၀တ်မှုနောက်ကွယ်ရှိ ချုပ်ကိုင်သူဟုရဲများကသံသယရှိနေသည်။

ယခုအမှုအား အသက် ၄၀ နှစ်အရွယ်ရှိသည့် ကင်မရွန်းနိုင်ငံသားနှင့် အသက် ၂၁ နှစ်အရွယ်ရှိ မြန်မာနိုင်ငံသား ဇွဲလင်းပြည့်တို့ကကျူးလွန်ခဲ့ခြင်းဖြစ်ပြီး ၎င်းတို့အား ကြာသပတေးနေ့ညပိုင်းတွင်ဖမ်းမိခဲ့သည်။

ဖမ်းဆီးခံခဲ့ရသော ကင်မရွန်းနိုင်ငံသားက ၎င်းအနေဖြင့် လူသ-တ်မှုကိုကိုယ်တိုင်မကျူးလွန်ကြောင်း ထုတ်ဖော်ပြောကြားခဲ့ပြီး လူသ-တ်မှုဖြစ်ပွားချိန်၌ အခင်းဖြစ်နေရာတွင်ရှိနေကြောင်း ထွက်ဆိုထားသည်ဟု ထိုင်းရဲတပ်ဖွဲ့ကပြောကြားခဲ့သည်။

အသက် ၂၁ နှစ်အရွယ်ရှိ မြန်မာနိုင်ငံသားဖြစ်သူ ဇွဲလင်းပြည့် ဆိုသူကမူ ထိုင်ဝမ်လူမျိုး Chu Chang-sheng ကို သ-တ်ခဲ့ကြောင်းဝန်ခံထွက်ဆိုထားသည်ဟု ထိုင်းရဲတပ်ဖွဲ့ကဆိုသည်။

ကျူးလွန်ခံရသူအားဖုန်းဖြင့်ဆက်သွယ်၍မရကြောင်း ၎င်း၏မိတ်ဆွေက ဟိုတယ်အားလှမ်းဆက်သွယ်အ‌ကြောင်းကြားသဖြင့် ဝန်ထမ်းများသွားကြည့်ရာတွင် အသက် ၄၈ နှစ်အရွယ်ရှိ အဆိုပါထိုင်ဝမ်အမျိုးသားအား ဟိုတယ်ခန်းထဲ၌ ‌ေ-သဆုံးလျက်တွေ့ခဲ့ရခြင်းဖြစ်သည်ဟုဆိုသည်။

ယခုဖြစ်စဉ်၌ လက်ရှိဖမ်းမိထားသောတရားခံနှစ်ဦးအပြင် နောက်ကွယ်ကကြိုးကိုင်နေသူ အနောက်နိုင်ငံသားတစ်ဦးနှင့် ထိုင်းအမျိုးသမီးတို့လည်းပါဝင်ပတ်သက်နိုင်သည်ဟုရဲများကခန့်မှန်းထားကြပြီး ယင်းတို့နှစ်ဦးမှာမူ လွတ်မြောက်နေဆဲဖြစ်သည်ဟုဆိုသည်။

‌ေ-သဆုံးသူနှင့် လွတ်မြောက်နေသူကြံရာပါနှစ်ဦးသည် စီးပွားရေး စပ်တူလုပ်သူများဖြစ်ကြပြီး လုပ်ငန်းကိစ္စလုပ်ငန်းကိစ္စဆွေးနွေးနေရင်းမှ မကျေမလည်ဖြစ်ကြကာ ရန်ဖြစ်ခဲ့ပြီးနောက် ၎င်းတို့နှစ်ဦးက ထိုင်ဝမ်အမျိုးသားကိုရှင်းထုတ်ရန်လူငှားခဲ့ခြင်းဖြစ်ကြောင်းလည်း မြန်မာလူမျိုးတရားခံကထွက်ဆိုခဲ့သည်။

Source : ဘန်ကောက်ပို့စ်


LEAVE A REPLY

Please enter your comment!
Please enter your name here