ကျောင်းများအားလုံးဖွင့်လှစ်ထားပြီး၊ တက္ကသိုလ်၊ ကောလိပ်များကိုလည်း နိုဝင်ဘာလ (၂၃) ရက်တွင် ပြန်ဖွင့်မည်ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းပြော

0
206

အခြေခံပညာကျောင်းများနှင့်ပတ်သတ်ပြီး မည်သည့်ကျောင်းမှ ပိတ်ထားခြင်းမရှိဘဲ ပုံမှန်အတိုင်း ဆက်လက်ဖွင့်လှစ်သွားမည်ဖြစ်ကာ တက္ကသိုလ်၊ ကောလိပ်များကိုလည်း နိုဝင်ဘာလ (၂၃) ရက်တွင် ပြန်ဖွင့်မည်ဟု နစကသတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

အခြေခံပညာကျောင်းများနှင့် ပတ်သက်၍ ထွက်ပေါ်နေသည့် ကောလာဟလ သတင်းများအပေါ် ဗိုလ်ချုပ်ဇော်မင်းထွန်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

“ တစ်ချို့သောမြို့နယ်တွေမှာ အခြေခံပညာကျောင်းတွေနဲ့ပတ်သက်ပြီး ကျောင်းပိတ်ရမယ့် အခြေအနေရှိတယ်၊ကျောင်းပိတ်မယ်ဆိုတာမျိုးတွေကို ကောလာဟလထုတ်လွှင့်နေတာ ဖြစ်ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး မည်သည့်ကျောင်းမှ ပိတ်တာမရှိပါဘူး။ ပုံမှန်အတိုင်း ဆက်လက်ဖွင့်လှစ်သွားမယ်ဆိုတာကို ပြောကြားလိုပါတယ်။ တက်ရောက်ပညာသင်ကြားနေတဲ့ ကျောင်းသား၊ ကျောင်းသူတွေအနေနဲ့ စိတ်အေးချမ်းသာစွာ ဆက်လက်ပညာသင်ကြားကြဖို့ ပြောကြားလိုပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

ထို့အပြင် တက္ကသိုလ်၊ ကောလိပ်များကိုလည်း နိုဝင်ဘာလ (၂၃) ရက်တွင် ပြန်ဖွင့်မည်ဖြစ်ပြီး (၁၆) ရက်မှစပြီး ကျောင်းအပ်လက်ခံခဲ့ကာ လက်ခံသည့်နေရာတွင် အရင်နှစ်ကထက် ပိုမိုလက်ခံရရှိကြောင်း သိရသည်။

နိုဝင်ဘာလ (၁၃) ရက်က အဝေးသင်စာမေးပွဲများ ဖြေဆိုခဲ့ရပြီး ထိုအချိန်များတွင် လုံခြုံရေးအခြေအနေအရ လွိုင်ကော်နှင့် ကသာမြို့တို့တွင်သာ ဖြေဆိုလို့မရခဲ့ဘဲ စာမေးပွဲဆိုင်းငံ့ထားခဲ့ရကာ ပြန်လည်ဖြေဆိုရန် စီစဥ်သွားမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here