မက်ဆီရဲ့ကမ္ဘာ့ဖလား၂၀၂၂ ဂျာစီတွေကို လေလံပစ်ဖို့ရှိပြီး ကန်ဒေါ်လာ ၁၀ သန်းကျော်ရရန် မျှော်မှန်းထား

0
281
This undated photo provided by Sotheby's courtesy of Sam Robles photography shows Lionel Messi holding one of six match worn shirts from the 2022 FIFA World Cup. - A set of six shirts worn by Lionel Messi during Argentina's victorious run to the 2022 World Cup in Qatar will be auctioned off in December, Sotheby's announced November 20, estimating their value at over $10 million. (Photo by Sam ROBLES / Sam Robles photography / AFP)

၂၀၂၂ ကမ္ဘာ့ဖလားမှာ အာဂျင်တီးနားအသင်း ဗိုလ်စွဲခဲ့စဉ်က လီယွန်နယ်မက်ဆီ ဝတ်ဆင်ကစားခဲ့တဲ့ ဂျာစီ (၆)စုံကို လာမယ့် ဒီဇင်ဘာလအတွင်း လေလံတင်ရောင်းချသွားမယ်လို့ Sotheby ကတနင်္လာနေ့(နိုဝင်ဘာ ၂၀) မှာ ကြေညာထားပါတယ်။

အဲဒီဝတ်စုံတွေရဲ့ လေလံတန်ဖိုး ကန်ဒေါ်လာ(၁၀)သန်းကျော် ရဖို့ ခန့်မှန်းထားတယ်လို့လည်း သိရပါတယ်။

ကမ္ဘာ့ဖလား အုပ်စုအဆင့် ဆော်ဒီအာရေဗျအသင်း၊ မက္ကဆီကို အသင်းနဲ့ပွဲတွေ၊ ရှုံးထွက်အဆင့်၊ ကွာတားအဆင့်၊ ဆီမီးအဆင့်တွေမှာ သြစတျေးလျ၊ နယ်သာလန်၊ ခရိုအေးရှား အသင်းတွေနဲ့ တွေ့ခဲ့တဲ့ ပွဲစဉ်တွေအပြင် နောက်ဆုံးဗိုလ်လုပွဲ ပြင်သစ်အသင်းနဲ့တွေ့ဆုံခဲ့စဉ်က မက်ဆီဝတ်ဆင်ကစားခဲ့တဲ့ ဂျာစီဝတ်စုံတွေ ပါဝင်တယ်လို့ သိရပါတယ်။

၂၀၂၂ ကာတာ ကမ္ဘာ့ဖလားမှာ အာဂျင်တီးနားအသင်း ဗိုလ်စွဲနိုင်ခဲ့တာကြောင့် ပြီးခဲ့တဲ့ ကမ္ဘာ့ဖလား (၄) ကြိမ်မှာ အောင်မြင်မှုမရခဲ့တဲ့ အသင်းခေါင်းဆောင် မက်ဆီအတွက် ကစားသမားဘဝ အရေးအကြီးဆုံး လိုအပ်ချက်တစ်ခု ပြည့်မြောက်သွားခဲ့တာလည်းဖြစ်ပါတယ်။

မျှော်မှန်းထားတဲ့အတိုင်း ဝတ်စုံတွေရဲ့ လေလံအောင်စျေး ဒေါ်လာ (၁၀) သန်းကျော်ခဲ့မယ်ဆိုပါက ဒါဟာ အားကစားအမှတ်တရပစ္စည်း လေလံသမိုင်းမှာ တန်ဖိုးအမြင့်ဆုံးရောင်းချရနိုင်မှု ဖြစ်လာမယ်လို့သိရပါတယ်။

Ref:CNA


LEAVE A REPLY

Please enter your comment!
Please enter your name here