မေမြို့ – နောင်ချို – ကျောက်မဲ – သီပေါ လမ်းပိုင်းရှိ ဖျက်ဆီးခံထားရသည့် နေရာများအား ပြန်လည်ပြုပြင်ပြီးပြီဖြစ်သည့်အတွက် ကားများသွားလာနိုင်ပြီဖြစ်

0
155

တပ်မတော်နှင့် စစ်အင်ဂျင်နီယာ တပ်ဖွဲ့၀င်များက မေမြို့ – နောင်ချို – ကျောက်မဲ – သီပေါ လမ်းပိုင်းရှိ ဖျက်ဆီးခံထားရသည့် လမ်းပိုင်းများအား ပြန်လည်ပြုပြင်ပြီးပြီဖြစ်သည့်အတွက် ကားများဖြတ်သန်းသွားလာနိုင်ပြီဖြစ်ကြောင်းသိရသည်။

လက်နက်ကိုင်အဖွဲ့များသည် ပြင်ဦးလွင် – နောင်ချို – ကျောက်မဲ – လားရှိုး ပြည်ထောင်စုကားလမ်းမကြီးတလျှောက်တွင် နောင်ချိုမြို့နယ်၊ ရွှေညောင်ပင်အနီး၌ (၁) နေရာ၊ လယ်ကျင်းကွေ့ ကျေးရွာအနီး၌ (၁) နေရာ၊ အုမ္မခါးကျေးရွာအနီး ၌ (၁) နေရာ၊ ဂုတ်တွင်းရှုခင်း သာအနီးတဝိုက်၌ (၁) နေရာ၊ နောင်ပစ်လမ်းခွဲ နေရာ၌ (၁) နေရာ၊ နောင်ပစ်နှင့် နောင်ပိန်ကျေးရွာကြား နေရာတဝိုက်တွင် (၇) နေရာတို့၌ မြေဖြတ်ကျင်းများတူး၍ ဖြတ်တောက်ပိတ်ဆို့ခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အချို့နေရာများတွင် သစ်ပင်ကြီးများအား ခုတ်လှဲပိတ်ဆို့ခြင်းနှင့် မြေကြီးများ စုပုံပိတ်ဆို့ခြင်းများ ပြုလုပ်ခဲ့သဖြင့် မော်တော်ယာဉ်များနှင့် ခရီးသွားပြည်သူများ သွားလာမှုရပ်တန့်ခဲ့ရကြောင်း သိရသည်။

အဆိုပါ လမ်းပိတ်ဆို့ဖျက်ဆီးထားသည့် နေရာများအား လုံခြုံရေးတပ်ဖွဲ့ဝင်များက နိုဝင်ဘာ (၆) ရက်နေ့မှစ၍ လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်ကာ အတားအဆီးများအား တဆင့်ပြီးတဆင့် ဖယ်ရှားရှင်းလင်း၍ အများပြည်သူ အဆင်ပြေချောမွေ့စွာ ပြန်လည်အသုံးပြုသွားလာနိုင်ရေး ကြိုးပမ်းဆောင်ရွက်ခဲ့ရာ နိုဝင်ဘာ (၁၉)ရက် ညပိုင်းတွင် ပိတ်ဆို့ဖျက်ဆီးထားသည့်နေရာ (၁၂)နေရာကို ပြန်လ ည်ဖယ်ရှားရှင်းလင်းပေးနိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။

” ကားအသေးလေးတွေတော့သွားလို့ရတယ်။ အတက်ကားတွေကိုတော့ ပြန်ဖွင့်ပေးနေပြီ။ ကုန်ကားတွေကတော့ ဒီဘက်လမ်းပိုင်းလုံးဝမဖြတ်တော့ဘူး”ဟု နောင်ချိုမြို့ရှိ ဒေသခံတစ်ဦးက ပြောသည်။

​နောင်ချိုအထွက်ရှိစိုက်ပျိုး​ရေးခြံများလည်း အလုပ်သမားများ ပြန်လည် လုပ်ငန်းခွင်ဝင်​နေကြပြီဖြစ်​ကြောင်းသိရသည်။

ယခုအခါ ကျောက်မဲမြို့အထိ ပုံမှန်အတိုင်းသွားလာနိုင်ပြီဖြစ်ကာ အဆိုပါ ပြည်ထောင်စု လမ်းမကြီး တလျှောက်တွင် ကျန်ရှိသည့် နေရာများအားလည်း ပုံမှန်အတိုင်း ပြန်လည်အသုံးပြုသွားလာနိုင်ရေးအတွက် ဆက်လက်ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here