‘Galaxy Leader’ဟူသည့် ကားတင်သင်္ဘောကြီးအား စီးနင်းသည့် ဗီဒီယိုဖိုင် ဟူသီ တို့ထုတ်ပြန်

0
191

‘Galaxy Leader’ဟူသည့် ကားတင်သင်္ဘောကြီးအား ပင်လယ်နီရေပြင်ထဲဝယ် ယီမင် ဟူသီ လက်နက်ကိုင်အဖွဲ့က တိုက်ခိုက်စီးနင်းသည့် ဗီဒီယိုဖိုင်ကို ယင်းအဖွဲ့က X လူမှုကွန်ရက်တွင် ထုတ်ပြန်လိုက်သည်။

အီရန်က ကျောထောက်နောက်ခံပေးထားသည်ဟုဆိုသော ဟူသီလက်နက်ကိုင်တို့သည် ရဟတ်ယာဉ်တစ်စင်းကို အသုံးပြုကာ သင်္ဘောကြီးပေါ်သို့ ဆင်းသက်ပြီး စီးနင်းတိုက်ခိုက်ကြကာ၊ ဓ-ားစာခံများကိုပါ ပြန်လည်ခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း အဆိုပါ ဗီဒီယိုဖိုင်တွင် မြင်တွေ့ရသည်။

ယင်းဗီဒီယိုဖိုင်ကို ဟူသီလှုပ်ရှားမှု၏ ရုပ်သံလိုင်းဖြစ်သော Al Masirah တွင်လည်း ပြသထားကြောင်းသိရသည်။

အစ္စရေး-ဟားမတ်စ်စစ်ပွဲဖြစ်ပွားနေချိန်တွင် အစ္စရေးနှင့်ချိတ်ဆက်မှုရှိသော သင်္ဘောများအား မိမိတို့က ပစ်မှတ်ထားတိုက်ခိုက်သွားမည်ဖြစ်ကြောင်း ဟူသီအဖွဲ့ ခေါင်းဆောင်က ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်းကပင် သတိပေးချက် ထုတ်ပြန်ထားခဲ့သည်။

ယခု တိုက်ခိုက်စီးနင်းခံရသော အိမ်စီးကားနှင့် ထရပ်ကားများတင်ဆောင်သည့် ‘Galaxy Leader’သင်္ဘောကြီးမှာ ဘာမြူဒါအလံကို တင်လွှင့်ထားသော်လည်း အစ္စရေးစီးပွားရေးလုပ်ငန်းရှင် Rami Ungar နှင့် ချိတ်ဆက်နေသည့် Ray Car Carriers ကုမ္ပဏီက စီမံခန့်ခွဲလျှက်ရှိသော Galaxy Maritime ကုမ္ပဏီမှ သင်္ဘောဖြစ်သည်ဆို၏။

တနင်္လာနေ့တွင်  ‘Galaxy Leader’သင်္ဘောနှင့် ဆက်သွယ်မှု ပြတ်တောက်သွားခဲ့ပြီး သင်္ဘောကို ယီမင်နိုင်ငံ ဟိုဒီဒါဆိပ်ကမ်းတွင် ကျောက်ချရပ်နားရန် ခေါ်ဆောင်သွားခြင်းခံရသည်ဟု Galaxy Maritime ကပြောကြားကြောင်း Reuters သတင်းဌာနက ဖော်ပြခဲ့သည်။

သင်္ဘောပေါ်တွင် မည်သည့်ကုန်ပစ္စည်းမျှ တင်ဆောင်ထားခြင်းမရှိကြောင်းနှင့် သင်္ဘောပေါ်ရှိ သင်္ဘောသား ၂၅ ဦးစလုံးကို ဘေးကင်းစွာ ပြန်လာနိုင်ရေး ကြိုးပမ်းလုပ်ဆောင်နေကြောင်း ကုမ္ပဏီက ပြောကြားခဲ့သည်။

Ref: Houthis Release Video of ‘Galaxy Leader’ Seizure


LEAVE A REPLY

Please enter your comment!
Please enter your name here