အိမ်ကွင်းမှာ မြောက်ကိုရီးယားအသင်းကို ဂိုးပြတ်ရှုံးနိမ့်ခဲ့သည့် မြန်မာ့လက်ရွေးစင်အသင်း

0
224

မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းသည် ၂၀၂၆ ကမ္ဘာ့ဖလား ခြေစစ်ပွဲ ဒုတိယအဆင့် အုပ်စုဒုတိယပွဲစဥ်အဖြစ် မြောက်ကိုရီးယားအသင်းကို သုဝဏ္ဏအားကစားကွင်းတွင် ဧည့်ခံကစားရာ ၆ ဂိုး ၁ ဂိုးရလဒ်ဖြင့် ရှုံးနိမ့်ခဲ့ကြောင်း သိရသည်။

မြန်မာအသင်းသည် ပထမပိုင်းအပြီးတွင် ၃ ဂိုး ဂိုးမရှိဖြင့် ဦးဆောင်ခံခဲ့ရပြီး ဒုတိယပိုင်းတွင်လည်း နောက်ထပ်ဦးဆောင်ဂိုးများ ပေးခဲ့ရပြီး ချေပဂိုး ၁ ဂိုးသာ ပြန်လည်သွင်းယူနိုင်ခဲ့သည့်အတွက် ပွဲအပြီးတွင် ၆-၁ ဂိုးရလဒ်ဖြင့် ရှုံးနိမ့်သွားခဲ့သည်။

ယနေ့ပွဲစဥ်တွင် မြန်မာအသင်း နောက်တန်း၏ အားနည်းချက်များစွာကို တွေ့မြင်ခဲ့ရပြီး ဂိုးသမား ကျော်ဇင်ဖြိုးနှင့် နောက်တန်းကစားသမားများအကြား အချိတ်အဆက်မိမိ ကစားနိုင်ခြင်း မရှိသည်ကိုလည်း မြင်တွေ့ခဲ့ရသည်။

မြန်မာ့လက်ရွေးစင်အသင်းသည် ကမ္ဘာ့ဖလား ခြေစစ်ပွဲ ဒုတိယအဆင့်၏ အုပ်စု(B) တွင် ဂျပန်၊ ဆီးရီးယား၊ မြောက်ကိုရီးယားတို့နှင့် ကျရောက်နေပြီး (၂) ပွဲကစားပြီးချိန်တွင် ရမှတ်မရရှိသေးဘဲ လာမည့် မတ်လ (၂၁) ရက်တွင် ဆီးရီးယားအသင်းကို အိမ်ကွင်း၌ ဧည့်ခံကစားရဦးမည်ဖြစ်ကြောင်း သိရသည်။

Photo – MFF


LEAVE A REPLY

Please enter your comment!
Please enter your name here