ကိုရီးယားမှ ဘဏ္ဍာငွေနှင့် နည်းပညာ ဆက်လက်ပေးအပ်မည့် Korea-Myanmar REDD+ Joint Project နှင့် ပတ်သက်၍ အလုပ်သဘော ဆွေးနွေး

0
158

Korea-Myanmar REDD+ Joint Project နှင့် ပတ်သက်၍ ကိုရီးယားသမ္မတနိုင်ငံမှ ဘဏ္ဍာငွေ အထောက်အပံ့နှင့် နည်းပညာအကူအညီများ ဆက်လက်ပေးအပ်သွားမည့် ကိစ္စများကို ကိုရီးယားသမ္မတ နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသန့်စင်မှ Korea Forest Service မှ တည်ခင်း ဧည့်ခံသည့် အလုပ်သဘောနေ့လယ်စာစားပွဲတွင် ဆွေးနွေးခဲ့ကြောင်း သိရသည်။

ကိုရီးယားနိုင်ငံနှင့် မြန်မာနိုင်ငံတို့အကြားသစ်တော ကဏ္ဍနှင့် ဆက်စပ်သည့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် သုတေသနလုပ်ငန်းများတွင် ဆက်လက်ပူးပေါင်းသွားမည့် ကိစ္စတို့ကိုလည်း ဆွေးနွေးခဲ့ကြကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်ချက်အရ သိရသည်။

ကိုရီးယားသမ္မတနိုင်ငံ Korea Forest Service မှ နိုဝင်ဘာ (၂၀) ရက်က တည်ခင်းဧည့်ခံသည့် အလုပ်သဘော နေ့လယ်စာ စားပွဲသို့ ကိုရီးယားသမ္မတ နိုင်ငံဆိုင်ရာ မြန်မာသံအ မတ်ကြီး ဦးသန့်စင် ပါဝင်တက်ရောက် ဆွေးနွေးခဲ့ခြင်းဖြစ်သည်။

အဆိုပါ အလုပ်သဘော နေ့လယ်စာ စားပွဲသို့ Seoul National University ၌ Korea Forest Service မှ ကြီးမှူးကျင်းပသည့် International Seminar on Strengthening Climate Resilience through Mangrove Forest အစည်းအဝေးသို့ တက်ရောက်ရန် ရောက်ရှိနေသည့် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီး ဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသောင်းနိုင်ဦး ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့နှင့်အတူ အလုပ်သ ဘောနေ့လယ်စာစားပွဲသို့ ပါဝင်တက်ရောက်ခဲ့ခြင်းဖြစ်သည်။

အလုပ်သဘောနေ့လယ်စာ စားပွဲပြီးနောက် Korea Forest Service ၏ စီစဉ်မှုဖြင့် မြန်မာသံအမတ်ကြီး ဦးသန့်စင်သည် National Institute of Forest Science (NIFoS) သို့ မြ န်မာကိုယ်စားလှယ်အဖွဲ့နှင့် အတူ သွားရောက်၍ ဥက္ကဋ္ဌ Mr. Jae Soo Bae နှင့် တွေ့ဆုံခဲ့သေးသည်။

ထိုသို့ တွေ့ဆုံရာတွင် နှစ်နိုင်ငံအကြားပူးပေါင်းဆောင်ရွက်နိုင်မည့် ကဏ္ဍများကို ဆွေးနွေးခဲ့ကာ အဆင့်မြင့် သစ်ပေါင်းသား ထုတ်လုပ်နေသည့် သုတေသနခန်းသို့ သွားရောက်လေ့လာခဲ့သည့်အပြင် မြန်မာနိုင်ငံ၊ ပုဂံမြို့၌ ကိုရီးယား အစိုးရမှ ထောက်ပံ့ပေးသည့် Dry Zone Greening Project နှင့် ပတ်သက်၍ အသေးစိတ် အခြေအနေများကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here