BRICS အဖွဲ့ဝင်နိုင်ငံ့ခေါင်းဆောင်များ ဂါဇာအရေးအွန်လိုင်းဆွေးနွေးပွဲပြုလုပ်မည်

0
275

BRICS အဖွဲ့ဝင်နိုင်ငံများ၏ခေါင်းဆောင်များသည် လက်ရှိဖြစ်ပေါ်နေသော အစ္စရေး – ဟားမတ်စ်ပဋိပက္ခအား အွန်လိုင်းမှ ဆွေးနွေး ပွဲတစ်ခုကို အင်္ဂါ‌နေ့တွင်ပြုလုပ်မည်ဖြစ်ကြောင်း တောင်အာဖရိကနိုင်ငံ၏သမ္မတရုံးက နိုဝင်ဘာ ၂၀ ရက်ကထုတ်ပြန်ကြေငြာခဲ့သည်။

အွန်လိုင်းထိပ်သီးဆွေးနွေးပွဲသို့ BRICS အဖွဲ့၏ မူလငါးနိုင်ငံဖြစ်သော ဘရာဇီးလ်၊ရုရှား၊အိန္ဒိယ၊တရုတ်နှင့် တောင်အာဖရိကနိုင်ငံတို့မှခေါင်းဆောင်များအပြင် အဖွဲ့ဝင်သစ်များဖြစ်သော ဆော်ဒီအာရေးဗျ၊အာဂျင်တီးနား၊အီဂျစ်၊အီသီယိုးပီးယား၊အီရန်နှင့် အာရပ်စော်ဘွားများပြည်ထောင်စုနိုင်ငံတို့မှခေါင်းဆောင်များကိုလည်း ဖိတ်ကြားထားကြောင်းသိရသည်။

အဆိုပါဆွေးနွေးပွဲသို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်အပြင် ရုရှားသမ္မတဗလာဒီမာပူတင်လည်းပါဝင်တက်ရောက်မည်ဟုသိရသည်။ယင်းနောက် တရုတ်သမ္မတရှီက အမှာစကားပြောကြားမည်ဖြစ်သည်။

လက်ရှိဖြစ်ပေါ်နေသော ဂါဇာကမ်းမြောင်ဒေသ၏ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကျပ်အတည်းအပါအဝင် အရှေ့အလယ်ပိုင်းအခြေအနေများကိုဆွေးနွေးရန်ရည်ရွယ်ပြုလုပ်ခြင်းဖြစ်ပြီး တက်ရောက်လာမည့်နိုင်ငံ့ခေါင်းဆောင်အသီးသီးသည်လည်း ၎င်းတို့နိုင်ငံများ၏ကိုယ်စားကြေငြာချက်များထုတ်ပြန်ကြမည်ဖြစ်ကြောင်းသိရသည်။

ယင်းနောက် တက်ရောက်သည့်ခေါင်းဆောင်များအားလုံးကပူးတွဲကြေငြာချက်တစ်ရပ်ထုတ်ပြန်ကြမည်ဟုလည်းသိရသည်။

Source : မင့်ထ်


LEAVE A REPLY

Please enter your comment!
Please enter your name here