တေလာဆွစ်ဖ် ကို ဘရစ်တနီစပီးယားစ် ဟု သမ္မတ ဘိုင်ဒင် မှားယွင်းပြောကြား

0
246

နှစ်စဉ်ကျင်းပမြဲဖြစ်သော ကျေးဇူးတော်နေ့ အခမ်းအနားကို အိမ်ဖြူတော်တွင် တနင်္လာနေ့က ကျင်းပခဲ့ရာ သမ္မတ ဂျိုးဘိုင်ဒင်သည် ပေါ့ဂီတအဆိုတော် တေလာဆွစ်ဖ်အား ဘရစ်တနီစပီးယားစ်ဟု မှားယွင်းပြောကြားခဲ့ကြောင်းသိရသည်။

ကျေးဇူးတော်နေ့ အခမ်းအနားမိန့်ခွန်းတွင် ထိုသို့မှားယွင်းပြောကြားခဲ့ခြင်းဖြစ်သည်။ ထိုနေ့သည် သမ္မတကြီး၏ ၈၁ နှစ်မြောက် မွေးနေ့လည်းဖြစ်သည်။

ငှက်များသည် မိုင်ထောင်ချီခရီးများကို ပျံသန်းရာတွင် အလွန်ခက်ခဲလှသော်လည်း၊ စိတ်ရှည်စွာကြိုးစားပျံသန်းကြသဖြင့် ပန်းတိုင်သို့ အောင်မြင်စွာရောက်ရှိကြကြောင်းကို ဘိုင်ဒင်က တင်စားပြောဆိုရာတွင်”ဒီကိစ္စဟာ ဘယ်လောက်ခက်ခဲသလဲဆိုရင် အခု ဘရာဇီးမှာ ဘရစ်တနီစပီးယားစ် တင်ဆက်နေတဲ့ ရီနေးဆန့်ရှိုးပွဲ(Renaissance Tour)လက်မှတ်ရဖို့ထက်ကိုခက်ပါတယ်”ဟု သူကပြောကြားခဲ့ခြင်းဖြစ်သည်။

ဘရာဇီးတွင်ကျင်းပခဲ့သော တေလာဆွစ်ဖ်၏ ရှိုးပွဲအတွင်း အသက် ၂၃ နှစ်အရွယ် အမျိုးသားတစ်ဦး ‌ေ-သဆုံးခဲ့သည်။ ဘရာဇီးနိုင်ငံ ရီယိုဒီဂျနေရိုးမြို့တွင် အပူလွန်ကဲသည့်နေရာ၌ ‌ေ-သဆုံးခြင်းဖြစ်ပြီး ဆိုရှယ်မီဒီယာတွင်မြင်ရသည့် ဗီဒီယိုများတွင် ရေငတ်နေသော ပရိသတ်များကို တေလာဆွစ်က ရေပုလင်းများပစ်ပေးခြင်းဖြင့် ကူညီရန် ကြိုးစားနေစဉ်အတောအတွင်းဝယ် ‌ေ-သဆုံးခဲ့ခြင်းဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here