ဆိုင်ခန်းပေါင်း (၄၀၀) ကျော်ပါဝင်မည့် တန်ဆောင်တိုင်ဈေးရောင်းပွဲတော်နှင့် မီးထွန်းပွဲတော်ကျင်းပမည်

0
190

ပြည်သူ့ရင်ပြင်တွင် ဆိုင်ခန်းပေါင်း (၄၀၀) ကျော်ပါဝင်သည့် တန်ဆောင်တိုင် ဈေးရောင်းပွဲတော်နှင့် မီးထွန်းပွဲတော်ကို ကျင်းပသွားမည်ဖြစ်ကြောင်းသိရသည်။

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ကြီးမှူး၍ ဒဂုံမြို့နယ် ပြည်သူ့ရင်ပြင်တွင် ၂၀၂၃ ခုနှစ် စက်မှုထုတ်ကုန်ပစ္စည်း၊ စက်ယန္တရား နည်းပညာပြပွဲ၊ တန်ဆောင်တိုင်ဈေးရောင်းပွဲနှင့်မီးထွန်းပွဲတော် ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ (၃) တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

” အသေးစား၊ အငယ်စားနှင့် အလတ်စား MSME လုပ်ငန်းရှင်များကို လိုအပ်တဲ့ ငွေကြေးအရင်းအနှီး၊ နည်းပညာ ရရှိရေး၊ လူစွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး၊ ဈေးကွက် ရရှိရေး လိုအပ်တဲ့ အထောက်အပံ့များ ဆောင်ရွက်ပေးဖို့ ပြည်တွင်းထုတ်ကုန်များနှင့် ပြည်ပသွင်းကုန်အစားထိုးထုတ်ကုန်များကို အားပေးမြှင့်တင်ရန်၊ ပို့ကုန်ကဏ္ဍမြှင့်တင်ရေး” အတွက် ပြည်တွင်း ထုတ်ကုန်များကို ပြည်ပသို့ တင်ပို့ရောင်းချနိုင်ရေး ဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းက ပြောကြားခဲ့သည်။

အဆိုပါ လမ်းညွှန်ချက်များကို အထောက်အကူဖြစ်စေမည့် ကဏ္ဍတစ်ရပ် အနေဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း ယင်းကဲ့သို့ပြပွဲများ ကျင်းပပေးခြင်းဖြစ်ကြောင်းလည်း၎င်းကဆိုသည်။

အဆိုပါ ပွဲတော်တွင်ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်မှုဇုန်များက လုပ်ငန်းရှင်များ၊ အသေးစား၊ အငယ်စား၊ အလတ်စား MSME လုပ်ငန်းရှင်များ၏ ထုတ်ကုန်အရောင်းပြခန်းများ၊ ဆန်၊ ဆီအရောင်းဆိုင်များ၊ အခြားတိုင်းဒေသကြီး/ပြည်နယ်များမှ လာရောက်ရောင်းချသော ထုတ်ကုန်ပစ္စည်း အရောင်းပြခန်းများ အပါအဝင် ဆိုင်ခန်းပေါင်း ၄၅၅ ခန်းကျော် ပြသရောင်းချမည်ဖြစ်ကြောင်း သိရသည်။

ဈေးရောင်းပွဲတော်ကို နိုဝင်ဘာ (၂၅) ရက် မှ (၂၇) ရက်အထိ ကျင်းပမည်ဖြစ်ပြီး နေ့စဉ် E-Sport Game ပြိုင်ပွဲများ၊စတုဒီသာကျွေးမွေးခြင်းများ၊ ရုပ်ရှင်၊ သဘင်၊ ဂီတ နှင့် ဟာသပညာရှင်များ၏ ဖျော်ဖြေတင်ဆက်မှုများ၊ ဆပ်ကပ်၊ မျက်လှည့်၊ Dancer များ၏ ဖျော်ဖြေတင်ဆက်မှုများ၊ မီးရှူးမီးပန်းပစ်ဖောက်မည့် အစီအစဉ်များကို ကြည့်ရှုခံစားနိုင်မည်ဖြစ်ပြီး၊ ပွဲတော်လာပြည်သူများ သွားရေးလာရေးလွယ်ကူစေရန် အကြို/အပို့ကားများ စီစဉ်ထားရှိပေးထားကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here