ဇန်နဝါရီ (၁) ရက်မှ နိုဝင်ဘာ (၂၁) ရက်အထိ မီးလောင်မှုကြောင့် ကျပ်သန်းပေါင်း (၁၆,၈၆၉) ကျော် ဆုံးရှုံးခဲ့

0
155

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ (၁) ရက်မှ နိုဝင်ဘာ (၂၁)ရက်အထိ မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ပွားခဲ့သည့် မီးလောင်မှုများကြောင့် ကျပ်သန်းပေါင်း (၁၆,၈၆၉) ကျော် ဆုံးရှုံးခဲ့ရကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၊ တာဝန်ရှိသူ၏ ပြောကြားချက်အရ သိရသည်။

အဆိုပါ ကာလအတွင်း မီးလောင်မှုအကြိမ်ရေ (၁,၂၄၅) ကြိမ် ဖြစ်ပွားခဲ့ပြီး ‌ေ-သဆုံးသူ (၇၅) ဦး၊ ဒဏ်ရာရရှိသူ (၁၈၄) ဦးနှင့် မီးဘေးဒုက္ခသည်ပေါင်း (၉,၇၁၂) ဦးအထိ ရှိခဲ့ကြောင်း ညွှန်ကြားရေးမှူး ဦးသက်ထွန်းဦးက ပြောသည်။

“မနှစ်က အလားတူကာလမှာ မီးလောင်မှုအကြိမ်ရေ (၁,၄၀၀) ရှိခဲ့တဲ့အတွက် ဒီနှစ်က (၁၅၅) ကြိမ်လျော့နည်းတယ်လို့ ဆိုနိုင်ပါတယ်။ မနှစ်က ကာလတူမှာ မီးလောင်မှုကြောင့် (၈၅) ယောက်‌ေ-သဆုံးခဲ့ပါတယ်”ဟု ဆိုသည်။

မီးလောင်မှုကြောင့် ပျက်စီးဆုံးရှုံးမှုတန်ဖိုးသည် ယခင်နှစ် ကာလတူထက် ကျပ်သန်းပေါင်း (၁၀,၈၅၆) ကျော် ပိုမိုဆုံးရှုံးခဲ့ရကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့၏ စာရင်းများအရ သိရသည်။

ယခုနှစ်အတွင်း မီးလောင်မှု ဖြစ်ပွားခဲ့ခြင်းများကြောင့် အိမ်ခြေအဆောက်အဦပေါင်း (၃,၁၀၀) ကျော်၊ စက်ရုံအလုပ်ရုံပေါင်း (၁၇) ရုံ၊ ဂိုဒေါင်ပေါင်း (၁၄၆) လုံး ဆုံးရှုံးခဲ့ကြောင်း ညွှန်ကြားရေးမှူး ဦးသက်ထွန်းဦးက ပြောကြားထားသည်။

မီးလောင်မှု ဖြစ်ပေါ်ခဲ့ရသည့် အကြောင်းအရင်းများကို လေ့လာဆန်းစစ်ချက်အရ အများစုသည် ပေါ့ဆမှုနှင့် လျှပ်စစ်မီးကြောင့် ဖြစ်ပွားရခြင်းဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here