ကျောက်ဖြူ ရေနက်ဆိပ်ကမ်း စီမံကိန်းအတွက် နိုင်ငံသားပိုင် ကုမ္ပဏီများကို EOI ဖိတ်ခေါ်မှု ဒီဇင်ဘာ (၃၀) ရက်အထိ ထပ်တိုးထား

0
288

ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်း၌ ပါဝင်လိုသည့် နိုင်ငံသားပိုင် ကုမ္ပဏီများကို EOI ဖိတ်ခေါ်ထားမှုကို ဒီဇင်ဘာ (၃၀) ရက်အထိ ထပ်တိုးထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ အထူးစီးပွားရေးဇုန်ဌာနခွဲမှ နိုင်ငံပိုင်သတင်းစာတွင် ကြေညာထားသည်။

အဆိုပါ အထူးစီးပွားရေးဇုန်၏ ကနဦးစီမံကိန်းများထဲမှ တစ်ခုဖြစ်သည့် ရေနက်ဆိပ်ကမ်းစီမံကိန်းတွင် ပူးပေါင်းဆောင်ရွက်ရန် မြန်မာနိုင်ငံသားပိုင်ကုမ္ပဏီများ ပါဝင်သည့် Myanmar GED Consortium ဖွဲ့စည်းရေး စီစဉ်နေပြီး နိုင်ငံသားကုမ္ပဏီများအနေဖြင့် စိတ်ဝင်စားမှုအဆိုပြုလွှာ (Expression of Interest – EOI) တင်သွင်းနိုင်ကြောင်း နိုဝင်ဘာ ၄ ရက်တွင် ဖိတ်ခေါ်ထားသည်။

အဆိုပါစိတ်ဝင်စားမှုအဆိုပြုလွှာ (Expression of Interest- EOI) ရောင်းချမှုကို ၂၀၂၃ ခုနှစ် နိုဝင်ဘာ (၁၈) ရက်အထိ သတ်မှတ်ခဲ့သော်လည်း အချို့သော စိတ်ဝင်စားသည့်ကုမ္ပဏီများမှ ဝယ်ယူနိုင်ရေးအတွက် လျှောက်လွှာများကို ဒီဇင်ဘာ (၃၀) ရက်အထိ ရက်တိုးမြှင့် ရောင်းချသွားမည်ဖြစ်ကြောင်း နိုင်ငံပိုင်သတင်းစာတွင် အသိပေးကြေညာထားသည်။

ကိုဗစ်- ၁၉ နှင့် နိုင်ငံရေးကြောင့် ရပ်နားထားသည့် ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်းကို တရုတ်ဘက်မှပြန်လည်စတင်ရန် လောနေပြီး၊ ယင်းကျောက်ဖြူရေနက်ဆိပ်ကမ်းသည် တရုတ်ခေတ်သစ်ပိုးလမ်းမကြီး – BRI ၏ မြန်မာဘက်ခြမ်း ကျောက်ဖြူအထူးစီးပွားရေးဇုန်တွင်ပါဝင်သည့် စက်မှုဇုန်၊ လူနေအိမ်ရာနှင့် ရေနက်ဆိပ်ကိမ်းစီမံကိန်း သုံးခုထဲမှ ကနဦး အကောင်အထည်ဖော်မည့် စီမံကိန်းတစ်ခုဖြစ်သည်။

ရေနက်ဆိပ်ကမ်းစီမံကိန်းအတွက် ကန်ဒေါ်လာ ၁ ဒသမ ၃ ဘီလီယံ အသုံးပြုသွားရန် စီစဉ်ခဲ့ပြီး အစုရှယ်ယာပိုင်ဆိုင်မှုအဖြစ် တရုတ်အစိုးရပိုင် CITIC အုပ်စုမှ ၇၀ ရာခိုင်နှုန်းနှင့် မြန်မာအစိုးရမှ စီမံကိန်း၏ ၃၀ ရာခိုင်နှုန်း ပိုင်ဆိုင်ထားခြင်းဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here