ဂျာမန်ကြက်တောင်မယ်ကို ရှုံးနိမ့်ပြီးပြိုင်ပွဲမှ ထွက်လိုက်ရသည့် သက်ထားသူဇာ

0
346

မြန်မာ့ ကြက်တောင်အားကစားမယ် သက်ထားသူဇာသည် LI-NING China Masters 2023 ပြိုင်ပွဲတွင် ဂျာမန်ကြက်တောင်မယ်ကို ရှုံးနိမ့်ပြီး ပြိုင်ပွဲမှ ထွက်လိုက်ရကြောင်း သိရသည်။

အဆိုပါ ပြိုင်ပွဲကို တရုတ်နိုင်ငံတွင် နိုဝင်ဘာလ (၂၁) ရက်မှ (၂၆) ရက်အထိ ကျင်းပမည်ဖြစ်ပြီး ဆုကြေးအဖြစ် အမေရိကန်ဒေါ်လာ (၁) သန်း အထိ ချီးမြှင့်သွားမည် ဖြစ်‌ကြောင်း သိရသည်။

အဆိုပါ ပြိုင်ပွဲတွင် သက်ထားသူဇာသည် ကမ္ဘာ့အဆင့်သတ်မှတ်ချက်အရ (၃၂) ဦးအဆင့်မှ ၀င်ရောက်ယှဉ်ပြိုင်ခွင့်ရခဲ့ပြီး ကမ္ဘာ့အဆင့် (၂၆) ရှိ ဂျာမန်ကြက်တောင်မယ် Yvonne LI နှင့် ယှဉ်ပြိုင်ကစားရာ ၂၁ မှတ် ၁၃ မှတ်၊ ၂၁ မှတ် ၁၇ မှတ်ဖြင့်ရှုံးနိမ့်ခဲ့ကာ (၃၂) ဦးအဆင့်ဖြင့်သာ ကျေနပ်လိုက်ရသည်။

ကမ္ဘာ့ကြက်တောင်အဖွဲ့ချုပ်က သတ်မှတ်ထားသော အမျိုးသမီးတစ်ဦးချင်းအဆင့်တွင် သက်ထားသူဇာ၏ လက်ရှိကမ္ဘာ့အဆင့်မှာ (၄၂) ဖြစ်ပြီး 2024 Paris Olympics ကို ဝင်နိုင်ရန်အတွက် လိုအပ်သည့် အမှတ်များစုဆောင်းနိုင်ရန် အကောင်းဆုံးကြိုးစားနေကြောင်းလည်း သိရသည်။

Photo – THTZ


LEAVE A REPLY

Please enter your comment!
Please enter your name here