ထိုင်းနိုင်ငံရောက် ဆောက်လုပ်ရေးလုပ်သား(၂၀၀)ကျော် လုပ်ခလစာများမရ၍ စားဝတ်နေရေး ခက်ခဲနေ

0
453

ထိုင်းနိုင်ငံ ၊ လရောင်မြို့ ဆောက်လုပ်ရေးလုပ်ငန်းခွင်အတွင်း အလုပ်လုပ်ကိုင်နေသော မြန်မာအလုပ်သမား (၂၀၀) ကျော်၏ လုပ်အားခ နှစ်လစာကို အလုပ်ရှင်က မရှင်း‌ပေးသည့်အပေါ် အလုပ်သမားသံအရာရှိရုံးက လိုက်လံဖြေရှင်းဆောင်ရွက်ပေးနေကြောင်း သိရသည်။

လုပ်အားခမရရှိသည့် အလုပ်သမား (၂၃၇)ဦးရှိသည့်အနက် အမျိုးသား (၁၃၇)ဦးနှင့် အမျိုးသမီး(၁၀၀)ဦးတို့ဖြစ်ပြီး၊ လုပ်ခလစာမရသည့်အတွက် ထိုင်းနိုင်ငံအတွင်းစားဝတ်နေရေးများ အခက်အခဲရှိခဲ့ကြောင်း သိရသည်။

ယင်းအပေါ် အလုပ်သမားသံအရာရှိရုံးနှင့် ထိုင်းလူမှုရေးအဖွဲ့များက ကူညီထောက်ပံ့ပေးနေကြောင်း သိရသည်။

အဆိုပါ အလုပ်သမားများသည် APL SS ကုမ္ပဏီလီမိတ်နှင့်ဘတ်စာရင်း (တရားဝင်နေထိုင်လုပ်ကိုင်ခွင့်) တင်ထားပြီး၊ Name List စာရွက်ဖြင့် ဆောက်လုပ်ရေးလုပ်ငန်းခွင်အတွင်း အလုပ်လုပ်ကိုင်နေကြခြင်းဖြစ်သည်။

လက်ရှိတွင် အလုပ်သမားကာကွယ်စောင့်ရှောက်ရေးရုံး(ဆဝါဒီကန်)သို့ တိုင်ကြားထားပြီး၊ အလုပ်ရှင်အားဆင့်ခေါ်ထားရှိပြီးဖြစ်ကြောင်း အလုပ်သမားသံအရာရှိရုံးက သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here