မြိုတိုင်းရင်းသားပါတီအား မှတ်ပုံတင်ထားခြင်းမှ ပယ်ဖျက်၍ ပါတီဖျက်သိမ်းရန် UEC မှ အတည်ပြု

0
277

မြိုတိုင်းရင်းသားပါတီအား မှတ်ပုံတင်ထားခြင်းမှ ပယ်ဖျက်၍ ဖျက်သိမ်းရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)မှ အတည်ပြုလိုက်ကြောင်း နိုဝင်ဘာ ၂၂ ရက် ထုတ်ပြန် ကြေညာချက်အရ သိရသည်။

မြိုတိုင်းရင်းသားပါတီအနေဖြင့် နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ထားခြင်းမှ ဖျက်သိမ်းပေးရန် အောက်တိုဘာ ၂၇ ရက်က ပါတီဗဟိုအလုပ်အမှုဆောင် အစည်းအဝေး ဆုံးဖြတ်ချက်နှင့်အတူ တင်ပြလာကြောင်း UEC ၏ ကြေညာချက်တွင် ဖော်ပြထားသည်။

ထိုသို့ တင်ပြလာခြင်းအပေါ် နိုဝင်ဘာ ၂၂ ရက်တွင် ကျင်းပသည့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် စီမံခန့်ခွဲရေးကော်မတီ အစည်းအဝေး အမှတ်စဉ် (၃၃/၂၀၂၃)တွင် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၁၉ ပုဒ်မခွဲ (က)နှင့်အညီ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ထားခြင်းမှပယ်ဖျက်၍ ပါတီဖျက်သိမ်းရန် အတည်ပြုခဲ့ကြောင်း UEC က ထုတ်ပြန်ခဲ့သည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် UEC အနေဖြင့် မြိုတိုင်းရင်းသားပါတီကို မှတ်ပုံတင်အမှတ် (၁၁)ဖြင့် ၂၀၂၃ ခုနှစ် မေ ၅ ရက်က နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုခဲ့ရာ ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၂၂ ရက်တွင် ပါတီအား ပယ်ဖျက်၍ ဖျက်သိမ်းရန် အတည်ပြုပေးခဲ့ခြင်းဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here