၂၀၂၄ တွင် BRICS အဖွဲ့သို့ဝင်ရောက်ခွင့်ရရန် ပါကစ္စတန်လျှောက်ထား

0
223

မော်စကို၊နိုဝင်ဘာ ၂၂

ပါကစ္စတန်သည် BRICS အဖွဲ့သို့ ၂၀၂၄ ခုနှစ်တွင် ဝင်ရောက်ခွင့်ရရန် လျှောက်လွှာတင်ခဲ့ပြီး အဖွဲ့ဝင်ဖြစ်‌ရန်လုပ်‌ဆောင်ရမည့်လုပ်ငန်းစဉ်အတွက် ရုရှား၏အကူအညီကိုရယူရန် ထည့်သွင်းစဉ်းစားထားကြောင်း အသစ်ခန့်အပ်ခံရသော ရုရှားနိုင်ငံဆိုင်ရာ သံအမတ်ကြီး မိုဟာမက် ခါလစ် ဂျမာလီက တာစ့် သတင်းဌာန နှင့် အင်တာဗျူးတစ်ခုတွင်ပြောကြားခဲ့သည်။

BRICS အဖွဲ့ဝင်ဖြစ်ရေးကမ်းလှမ်းမှုကို ပါကစ္စတန်အနေဖြင့် တင်သွင်းပြီးခြင်း ရှိ၊မရှိ မေးမြန်းရာတွင်လျှောက်ထားပြီးဖြစ်ကြောင်း သံတမန်ကပြန်လည်ဖြေကြားခဲ့သည်။ 

အစ္စလာမာဘတ်သည် ရုရှားက BRICS အဖွဲ့ဥက္ကဌအဖြစ်တာဝန်ယူမည့် ၂၀၂၄ ခုနှစ်တွင် အဖွဲ့ပူးပေါင်းရန်စီစဉ်ထားခြင်းဖြစ်ကြောင်းလည်း သံအမတ်ကြီးက အတည်ပြုခဲ့သည်။

ပါကစ္စတန်အနေဖြင့် ဤအရေးကြီးသောအဖွဲ့အစည်း၏ အဖွဲ့ဝင်အဖြစ်အသိအမှတ်ပြုလက်ခံလာရေးအတွက် ကျန်အဖွဲ့ဝင်နိုင်ငံများနှင့်လည်း ဆက်သွယ်လုပ်ဆောင်နေပြီး အထူးသဖြင့် လာမည့်နှစ်၌ဥက္ကဌအဖြစ်ဆောင်ရွက်မည့် ရုရှားနှင့်ပိုမိုပူးပေါင်းဆောင်ရွက်နေသည်ဟုလည်းဆိုခဲ့သည်။

Source :TASS


LEAVE A REPLY

Please enter your comment!
Please enter your name here