မွန်ပြည်နယ်ထွက် ဆားကြမ်းများ တောင်ကိုရီးယားသို့ တင်ပို့မည်

0
171

မွန်ပြည်နယ်မှ ထွက်ရှိသည့် အဆင့်မြင့် ဆားကြမ်းများကို တောင်ကိုရီးယားနိုင်ငံဈေးကွက်ထံ တင်ပို့ရောင်းချသွားမည်ဖြစ်ကြောင်း မွန်ပြည်နယ်ဆားလုပ်ငန်းရှင်များအသင်းမှ သိရသည်။

တောင်ကိုရီးယားနိုင်ငံ၏ ဆားလိုအပ်ချက်အရ ဆားကြမ်းများ တင်ပို့နိုင်ရေးအတွက် ပြီးခဲ့သည့် စက်တင်ဘာလ နောက်ဆုံးပတ်တွင် နှစ်နိုင်ငံအကြား နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။

ထို့ကြောင့် ပြည်နယ်အတွင်း ထွက်ရှိသည့် အဆင့်မြင့် ဆားကြမ်းများကို ယခုနှစ် မကုန်မီ တင်ပို့သွားနိုင်ရေးအတွက် လုပ်ဆောင်နေကြောင်း အသင်းတာဝန်ရှိသူ၏ ပြောကြားချက်အရ သိရသည်။

မွန်ပြည်နယ်မှ ထွက်ရှိသည့် ဆားများကို တောင်ကိုရီးယားနိုင်ငံသို့ တင်ပို့နိုင်ပါက ဆားတောင်သူများအတွက် ခိုင်မာသည့် ဈေးကွက်တစ်ခု ရရှိနိုင်မည်ဖြစ်ကြောင်းလည်း သိရသည်။

လက်ရှိမှာ မွန်ပြည်နယ်မှ ထွက်ရှိသည့် ဆားများကို ပြည်တွင်းရှိ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးသို့ တင်ပို့ရောင်းချလျက်ရှိကြောင်း မွန်ပြည်နယ်ဆားလုပ်ငန်းရှင်များအသင်းမှ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here