ကရင်ပြည်နယ်သို့ ဧည့်သည် ပိုဝင်လာစေရေး အစီအမံများ​ဆွေး​နွေး

0
157

ကရင်ပြည်နယ်တွင်း ခရီးသွားလုပ်ငန်း ပိုမိုဖွံဖြိုးတိုးတက်လာစေရေး ခရီးစဉ်ဒေသများဆွဲဆောင်မှုရှိစေရန်၊ အကောင်းဆုံးဝန်ဆောင်မှုနှင့် ပြည်တွင်း ပြည်ပဧည့်သည်များ ချောမွေ့ လွယ်ကူစွာ သွားလာလည်ပတ်နိုင်ရန် စီမံဆောင်ရွက်ပေးစေလိုကြောင်း ကရင်ပြည်နယ်ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက ပြောသည်။

ကရင်ပြည်နယ်ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ၏ (၁၁/၂၀၂၃)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို နိုဝင်ဘာ (၂၃) ရက် နံနက် ၁၀ နာရီအချိန်က ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၃)၌ ကျင်းပရာတွင် ဝန်ကြီးချုပ်က ပြောဆိုခဲ့ခြင်းဖြစ်သည်။

ထို့အပြင် သဘာဝကို အခြေခံသည့်ခရီးသွားလုပ်ငန်းများ၊ ခရီးစဉ်ဒေသများ ရေရှည်တည်တံ့ ခိုင်မြဲရေးအတွက် အများအကျိုးဆောင်ရွက်လိုသည့် ပုဂ္ဂိုလ်များ၊ စိတ်ပါဝင်စားသူများဖြင့် စနစ်တကျ ဖွဲ့စည်းတာဝန်ပေးပြီး စိစစ်ကြပ်မတ်ဆောင်ရွက်ရန်လိုအပ်ကြောင်းလည်း ပြည်နယ်ဝန်ကြီးချုပ်က ပြောသည်။

ကရင်ပြည်နယ်၌ လှပသည့် ရေ၊ မြေ၊ တော၊ တောင်ရှုခင်းများအပြင် သဘာဝလှိုဏ်ဂူများ၊ ရေတံခွန်များ၊  လည်ပတ်စရာပေါများသည့်အပြင် ကရင်တိုင်းရင်းသားများ၏ ရိုးရာယဉ်ကျေးမှုများ၊ ရာသီအလိုက်ပြုလုပ်သည့် ကရင်ရိုးရာပွဲတော်များကြောင့် ပြည်တွင်းခရီးသွားများသာမက ပြည်ပခရီးသွားများကိုပါ ဆွဲဆောင်နိုင်သည့် ဒေသတစ်ခုဖြစ်သ ည်။

ကရင်ပြည်နယ်တွင် ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီမှ အောက်တိုဘာအထိ (၉)လ ကာလအတွင်း ပြည်တွင်း ပြည်ပခရီးသွား ဧည့်သည် ၁၃၄၃၅၉ ဦး လာရောက်လည်ပတ်ခဲ့ပြီး ဟိုတယ်နှင့် တည်းခိုရိပ်သာလုပ်ငန်းများမှာ ဝင်ငွေကျပ် ၂၅၅၇၇ ဒသမ ၅၁ သိန်း ရရှိခဲ့ကြောင်း ကရင်ပြည်နယ် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ သိရသည်။

ကရင်ပြည်နယ်အတွင်း ဟိုတယ်နှင့် တည်းခိုရိပ်သာ ၆၀ လုံး ၊ အိပ်ခန်းပေါင်း ၂၁၅၉ ခန်းရှိပြီး ယခင်နှစ်များကထက် ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းလိုင်စင်များ တိုးချဲ့ချထားပေးကြောင်း သိရသည်။

အဆိုပါ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းလိုင်စင်ချထားပေးမှုသည် ၂၀၂၁ ခုနှစ်က ဟိုတယ်နှင့် တည်းခိုရိပ်သာ (၄၉) လုံးသာရှိရာမှ အလုံး (၆၀) အထိ တိုးတက်လာခဲ့ရာ လုပ်ငန်းလိုင်စင်ထုတ်ပေးနိုင်မှု ၂၂ ဒသမ ၄၅ ရာခိုင်နှုန်းအထိ တိုးတက်လာကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here