ကျောက်တော်ကြီးဘုရား ဝန်ဆောင်မှုလုပ်ငန်းများအတွက် နိုင်ငံသားဗုဒ္ဓဘာသာဝင်များကို အငှားချထားမည်

0
366

အင်းစိန်မြို့နယ်၊ ကြိုကုန်းအရှေ့ရပ်ကွက် မင်းဓမ္မကုန်း‌တော်ပေါ်တွင် တည်ထားကိုးကွယ်ထားသော လောကချမ်းသာ အဘယလာဘမုနိရုပ်ပွားတော်မြတ်ကြီး၏ ဝတ္တမြေပေါ်ရှိ အများပြည်သူဝန်ဆောင်မှုလုပ်ငန်းများအတွက် နိုင်ငံသားဗုဒ္ဓဘာသာဝင်များကို အငှားချထားပေးမည်ဖြစ်ကြောင်း သိရသည်။

အငှားချထားရာတွင် အိတ်ဖွင့်တင်ဒါစနစ်ချဖြင့် ဆောင်ရွက်မည်ဖြစ်ပြီး၊ ၂၀၂၄ ခုနှစ် (၁၂)လတာ ကာလအတွက်အငှားချထားမည်ဖြစ်ကြောင်း ဂေါပကအဖွဲ့က အသိပေးထုတ်ပြန်ထားသည်။

တင်ဒါ အဆိုပြုလွှာနှင့် တင်ဒါစည်းကမ်းများကို ၂၀၂၃ ခုနှစ် ဒီဇင်ဘာ( ၁ )ရက်နေ့တွင် ဂေါပကအဖွဲ့ရုံးတွင် လာရောက်ဝယ်ယူဖြည့်စွက်လျှောက်ထားနိုင်ပြီး၊ ဒီဇင်ဘာလ (၁၁) ရက်နေ့တွင် တင်ဒါတင်သွင်းသူများအရှေ့၌ ဖွင့်ဖောက်ကြေညာပေးသွားမည်ဟု သိရသည်။

သို့သော် ကြမ်းခင်းဈေးမပြည့်မှီသောလျှောက်လွှာများကို စပေါ်ငွေပြန်လည်ပေးအပ်မည်မဟုတ်ကြောင်း ကြေညာချက်တွင် ထည့်သွင်းဖော်ပြထားသည်။

အများပြည်သူဝန်ဆောင်မှုလုပ်ငန်းပေါင်း (၁၁)မျိုးကို အိတ်ဖွင့်တင်ဒါခေါ်ယူခြင်းဖြစ်ရာ၊ သန့်စင်ခန်းဝန်ဆောင်မှု ၊ အရောင်းဆိုင်ဝန်ဆောင်မှု ၊ ငါးနှင့်လိပ်စာအရောင်းဆိုင်၊ မြန်မာလက်မှုအနုပညာပစ္စည်းဆိုင်နှင့် ကန်တော့ပွဲရောင်းချခြင်း လုပ်ငန်း စသည်တို့ပါဝင်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here