ဒီဇင်ဘာလတွင် မန္တလေးအပြည်ပြည်ဆိုင်ရာ ကုန်စည်ပြပွဲနှင့် ရင်းနှီးမြှုပ်နှံမှုဖိုရမ် ကျင်းပမည်

0
190

မန္တလေး အပြည်ပြည်ဆိုင်ရာ ကုန်စည်ပြပွဲနှင့် ရင်းနှီးမြှုပ်နှံမှုဖိုရမ် (၂၀၂၃) ကို လာမည့် ဒီဇင်ဘာလတွင် မန္တလေးမြို့၌ ကျင်းပသွားမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းမှသိရသည်။

အဆိုပါ ပွဲကို ဒီဇင်ဘာလ (၂၀) ရက်မှ (၂၂) ရက်အထိ ကျင်းပသွားမည်ဖြစ်ပြီး ပြခန်းပေါင်း ၂၆၂ ခန်း ပါဝင်မည်ဖြစ်ကာ နိုင်ငံတကာမှ ပြခန်းများလည်း ပါဝင်မည်ဟု သိရသည်။

တရုတ်နိုင်ငံမှ ပြခန်းပေါင်း (၇၀) ကျော် အပါအဝင် အင်ဒိုနီးရှားနိုင်ငံ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် တခြားနိုင်ငံများကလည်း ယင်းဖိုရမ်တွင် ပါဝင်ပြသသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဖိုရမ်တွင် မြန်မာနိုင်ငံမှ ပြခန်း (၃) ပုံ (၁) ပုံ ပါဝင်ပြသမည်ဖြစ်ပြီး လယ်ယာသုံးထွက်ကုန်နှင့် ပစ္စည်းများ၊ ချည်ထည်များနှင့် ကျောက်မျက်ရတနာများ ပြသသွားမည်ဖြစ်ကြောင်း သိရသည်။

ကိုဗစ်ကာလမတိုင်ခင် ၂၀၁၉ ခုနှစ်တွင် မန္တလေး အပြည်ပြည်ဆိုင်ရာ ကုန်စည်ပြပွဲနှင့် ရင်းနှီးမြှုပ်နှံမှုဖိုရမ်ကို ပထမဆုံးအကြိမ်ဖြစ် မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့တွင် ကျင်းပခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here