အမျိုးသားဒီမိုကရေစီ အင်အားစုပါတီကို နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုကြောင်း UEC ထုတ်ပြန်

0
234

အမျိုးသားဒီမိုကရေစီ အင်အားစုပါတီကို နိုဝင်ဘာ(၂၃)ရက်မှ စတင်၍ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုလိုက်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC)၏ ထုတ်ပြန်ချက်ကြေညာချက်အရ သိရသည်။

ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ် ဗိုလ်စိန်မှန် ရပ်ကွက် တာမွေအဝိုင်းအနီး အနောက်မျဉ်းပြိုင်ကွင်းလမ်း ပထမထပ် အမှတ် ၄၇ တွင် ပါတီရုံးချုပ်ဖွင့်လှစ်ထားသော အမျိုးသားဒီမိုကရေစီ အင်အားစုပါတီကို နိုင်ငံရေးပါတီ မှတ်ပုံတင်ခြင်း ဥပဒေ ပုဒ်မ (၉) နှင့် အညီ မှတ်ပုံတင်အမှတ် (၄၃)ဖြင့် မှတ်ပုံတင်ခွင့်ပြုလိုက်ကြောင်း နိုဝင်ဘာ (၂၃) ရက်တွင် UEC က ထုတ်ပြန် ကြောညာခဲ့ခြင်းဖြစ်သည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ကြေညာချက်အမှတ် (၅၀/၂၀၂၃) အား နိုဝင်ဘာလ (၂၃)ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ကာ အမျိုးသားဒီမိုကရေစီ အင်အားစုပါတီကို နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုလိုက်ခြင်းဖြစ်သည်။

နိုင်ငံရေးပါတီ တည်ထောင်လိုသူများအနေဖြင့် ၎င်းတို တည်ထောင်လိုသော ပါတီအမည်ကို ဖော်ပြ၍ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သို လျှောက်ထားလျက်ရှိပြီး ကျန်ပါတီများကို မှတ်ပုံတင်ခွင့်ပြုနိုင်ရေး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဆက်လက်စီစစ်လျက်ရှိကြောင်း သိရသည်။

၂၀၂၃ ခုနှစ် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေအရ မှတ်ပုံပြန်လည်လျှောက်ထားသည့် ပါတီနှင့် ပါတီသစ် တည်ထောင်ခွင့်ပြုရန် လျှောက်ထားခဲ့သည့် ပါတီ (၆၀) ကျော်အနက် ထက်ဝက်ကျော်သာ ပါတီမှတ်ပုံတင် ခွင့်ပြုချက်ရရှိထားပြီး ပါတီအချို့မှာ လက်ရှိအချိန်ထိ မှတ်ပုံတင်ခွင့်ပြုခံရခြင်း မရှိသေးဘဲရှိနေသေးခြင်း ဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here