ဘားအံမြို့တွင် ကလေးခိုးယူသွားသည့် ကားကို မြဝတီတွင် ဖမ်းဆီးရမိ၊ ကလေးအား မတွေ့ရှိခြင်းကြောင့် စစ်ဆေးနေ

0
3067

ကရင်ပြည်နယ်၊ ဘားအံမြို့မှ ကလေးငယ်တစ်ဦးအား ခိုးယူသွားသည့် ကားကို မြဝတီမြို့တွင် ဖမ်းဆီးရမိခဲ့သော်လည်း ကလေးအား ပြန်လည် မတွေ့ရှိခြင်းကြောင့် စစ်ဆေးမှုများ ပြုလုပ်နေကြောင်း မိသားစုဝင်များထံမှ သိရသည်။

ကရင်ပြည်နယ် ဘားအံမြို့၊ အမှတ်(၅)ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းရှိ ရဲဘော်ဈေးအနီးတွင် နိုဝင်ဘာ (၂၂) ရက်၊ မွန်းလွဲ (၃) နာရီခွဲဝန်းကျင်က ကလေးခိုးယူခံရခြင်းဖြစ်ကြောင်း မိသားစုဝင်များမှ လူမှုကွန်ရက်စာမျက်နှာတွင် ဖော်ပြကာ အကူညီတောင်းခဲ့ခြင်း ဖြစ်သည်။

ခိုးယူခံရသည့် ကလေးမှာ မောင်ကောင်းပြည့်စုံဝင်း(ခ)ခိုင်းသာဘံင်ဖြစ်ပြီး ကားတစ်စီးက ဆွဲတင်ခေါ်ယူကာ အခိုးခံခဲ့ရခြင်းဖြစ်ပြီး ကလေးအား ခိုးယူသွားသည့် ကားကို မြဝတီမြို့တွင် ည (၁၀) နာရီခွဲအချိန်က ဖမ်းဆီးနိုင်ခဲ့သော်လည်း ကလေးအား မတွေ့ရှိခြင်းကြောင့် ဆက်လက်စစ်ဆေးနေကြောင်း သိရသည်။

“ကလေးခိုးသွားတဲ့ ကားကို မြဝတီမှာ ဖမ်းမိထားပေမယ့် ကလေးမပါလို့ စစ်ဆေးနေပါတယ်။ ကျွန်တော့် တူလေး ကောင်းပြည့်စုံဝင်း(ခ)ခိုင်းသာဘံင်ကို ကားနဲ့ ဆွဲခေါ်ခိုးယူသွားလို့ တွေ့ရှိသိရှိသူများ ဆက်သွယ် ပေးကြပါရန် အကူအညီတောင်းခံပါတယ်။ ကားပုံစံလည်းပြောတယ်။ ကလေးပါသွားပြီး ဆယ်မိနစ်အတွင်း ရဲစခန်း သွားတိုင်ခဲ့ပါတယ် ”ဟု ကလေး၏ ဦးလေးဖြစ်သူက ပြောသည်။

ခိုးယူခံခဲ့ရသည့် ကလေးငယ်အား တွေ့ရှိပါက ဖုန်းနံပါတ် 09787914223 နှင့် 09420069011 တို့အား ဆက်သွယ်ပေးရန်နှင့် သတင်းပေးသူကို ကျေးဇူးဆပ်ပါမည်ဟုလည်း မိသားစုဝင်များက မေတ္တာရပ်ခံ အကူညီတောင်းထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here