လောက်ကိုင်၌ ထိုင်းနိုင်ငံသား ၃၀ ထက်မနည်း ပိတ်မိနေနိုင်

0
190

ဘန်ကောက်၊နိုဝင်ဘာ ၂၃

မြန်မာနိုင်ငံလောက်ကိုင်မြို့၌ ထိုင်းနိုင်ငံသား ၃၀ ထက်မနည်း ပိတ်မိနေနိုင်သေးကြောင်း ထိုင်းအာဏာပိုင်များ၏ပြောကြားချက်အရသိရှိရသည်။

၎င်းတို့သည် မြန်မာနိုင်ငံသို့ လစာငွေကောင်းကောင်းရမည်ဟူသောမက်လုံးကြောင့်ရောက်လာကြသော်လည်း လက်တွေ့တွင် အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများတွင်လုပ်ကိုင်နေကြရသည်။

မြန်မာနိုင်ငံ၌ ပြီးခဲ့သည့်အောက်တိုဘာလအနှောင်းပိုင်းမှစ၍ မြန်မာတပ်မ‌တော်နှင့်မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့များအကြား တိုက်ပွဲများပြင်းထန်လာခဲ့ရာ လောက်ကိုင်မြို့တွင် ထိုင်းနိုင်ငံသားများအပြင် နိုင်ငံခြားသားများလည်းပိတ်မိနေခဲ့သည်။

ထို့ကြောင့်ပင် ထိုင်းအစိုးရက မြန်မာနိုင်ငံလောက်ကိုင်မြို့၌ပိတ်မိနေသော ၎င်း၏နိုင်ငံသားများကိုပြန်လည်ခေါ်ယူခဲ့ပြီး ပထမ အသုတ်အနေဖြင့် အယောက် ၃၀၀ ကျော်ကို ခေါ်ဆောင်နိုင်ခဲ့ပြီး ဖြစ်သည်။

သို့သော် နောက်ထပ်အနည်းဆုံး လူ ၃၀ ခန့်ပိတ်မိနေနိုင်သေးကြောင်းလည်း တာဝန်ရှိသူများကပြောကြားခဲ့သည်။ထိုင်းနိုင်ငံသားများအပြင် မလေးနှင့်ဖိလစ်ပိုင်နိုင်ငံသားများလည်း လောက်ကိုင်တွင်ပိတ်မိနေကြောင်းအာဏာပိုင်များကဆိုသည်။

ပိတ်မိနေသောထိုင်းနိုင်ငံသားအယောက် ၃၀၀ ကျော်အား နိုင်ငံသို့ပြန်ပို့ဆောင်ပေးနိုင်ခဲ့ပြီဖြစ်သော်လည်း မိသားစုဝင်များနှင့်တွေ့ခွင့်မရှိသေးဘဲ သက်ဆိုင်ရာက စုံစမ်းစစ်ဆေးရန်ထိန်းသိမ်းထားဆဲဖြစ်သည်ဟုလည်းသိရှိရသည်။

Source : CNA


LEAVE A REPLY

Please enter your comment!
Please enter your name here