သင်္ဃန်းကျွန်းရှိ နေအိမ်တစ်အိမ်တွင် လုယက်မှုဖြစ်ပွား၊ ကျူးလွန်သူ (၂)ဦးအနက်မှ (၁)ဦးကို ရပ်ကွက်နေ ပြည်သူများက ဝိုင်းဝန်း ဖမ်းဆီး ရဲလက်အပ်

0
230

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ သွပ်ဝိုင်းကြီးရပ်ကွက်၊ နီလာလမ်းရှိ နေအိမ်တစ်အိမ်တွင် လုယက်မှု ဖြစ်ပွားခဲ့ရာ ကျူးလွန်သူ အမျိုးသား (၂)ဦးအနက်မှ (၁)ဦးကို ရပ်ကွက်နေပြည်သူများက ဝိုင်းဝန်း ဖမ်ဆီးနိုင်ခဲ့ပြီး အိမ်ရှင်သက်ကြီးပိုင်း အမျိုးသားမှာ ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သုဝဏ္ဏပရဟိတအသင်းမှ သိရသည်။

သင်္ဃန်းကျွန်းမြို့နယ်၊ နီလာလမ်းရှိ နေအိမ်တစ်အိမ်တွင် နိုဝင်ဘာ (၂၃)ရက်၊ နေ့လယ် (၂) နာရီခွဲ အချိန်ခန့်က အနုကြမ်းစီး လုယက်မှုတစ်ခုဖြစ်ပွားကြောင်းနှင့် ကျူးလွန်သူ တစ်ဦးကို ဖမ်းဆီးရမိထားကြောင်း ရပ်ကွက်နေသူများ အကြောင်းကြားချက်ရအသင်းမှ သွားရောက်ကူညီခဲ့ခြင်းဖြစ်သည်။

အဆိုပါ ဖြစ်စဉ်တွင် လုယက်တိုက်ခိုက်ခံရသည့် နေအိမ်ပိုင်ရှင် သက်ကြီးပိုင်းအရွယ် အမျိုးသားမှာ လည်ပင်း ပြတ်ရှဒဏ်ရာများ ရရှိခဲ့ခြင်းကြောင့် သွေးထွက်လွန်နေပြီး အနီးဝန်းကျင်ရှိ ရပ်ကွက်နေ ပြည်သူများမှ အငှားယာဉ်ဖြင့် ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။

အဆိုပါ လုယက်မှု ဖြစ်စဉ်အတွင်း ကျူးလွန်သူ တစ်ဦးကို ရပ်ကွက်နေ ပြည်သူများက ဝိုင်းဝန်းဖမ်းဆီးကာ သုဝဏ္ဏရဲစခန်းသို့ အပ်နှံလိုက်ကြောင်းနှင့် ကျန်တစ်ဦးအား ဖမ်းဆီးရမိရေး စုံစမ်းစစ်ဆေးနေကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here