ထိုင်းနိုင်ငံ၌ ‌ေ-သနတ်ကိုင်ဆောင်ခွင့်လိုင်စင်ထုတ်ပေးခြင်းအားတစ်နှစ်ရပ်ဆိုင်း

0
227

ဘန်ကောက်၊နိုဝင်ဘာ ၂၄

ထိုင်းနိုင်ငံ၌ ‌ေ-သနတ်ဖြင့်အကြမ်းဖက်မှုများအားလျှော့ချနိုင်ရန်ရည်ရွယ်လျက် ‌ေ-သနတ်ကိုင်ဆောင်ခွင့်လိုင်စင်ထုတ်ပေးခြင်းအား တစ်နှစ်ရပ်ဆိုင်းလိုက်ကြောင်းသိရှိရသည်။

သတ်မှတ်လိုက်သည့် ပုဒ်မ ၁၂ အရ အဆိုပါတားမြစ်မှုတွင် ‌ေ-သနတ်၊ခဲယမ်းမီးကျောက်နှင့်ပေါက်ကွဲစေတတ်သည့်မီးရှူးမီးပန်းနှင့် ‌ေ-သနတ်အတုများပါ ပါဝင်ကြောင်းအာဏာပိုင်များကပြောကြားခဲ့သည်။

ယခုလက်ရှိတွင် ထိုင်းဝန်ကြီးချုပ် ဆရီသာသာဗီဆင်ထံမှ အတည်ပြုချက်ရယူရန်ပေးပို့ထားပြီး တော်ဝင်ပြန်တမ်း၌ ထုတ်ပြန်ကြေငြာပြီး နောက်တစ်ရက်တွင် စတင်အကျုံးဝင်မှာဖြစ်သည်ဟုလည်းထည့်သွင်းပြောကြားခဲ့သည်။

သို့သော်‌ေ-သနတ်ထိန်းချုပ်ရေးအမိန့်သည် တာဝန်ကျချိန် ‌ေ-သနတ်ကိုင်ဆောင်ခွင့်ရှိသည့် ရဲကဲ့သို့‌သောပြည်နယ်အရာရှိများနှင့် မသက်ဆိုင်ကြောင်းလည်းပြောကြားခဲ့သည်။

ဘန်ကောက်တွင်‌ေ-သနတ်ပစ်ခတ်မှုများ ဆက်တိုက်ဆိုသလိုဖြစ်ပွားခဲ့ရာ အများပြည်သူများကို‌ေ-သနတ်လိုင်စင်ထုတ်ပေးခြင်းအား ပြန်လည်သုံးသပ်ရန်နှင့် ‌ေ-သနတ်ထိန်းချုပ်ရေးအတွက် တင်းကျပ်သည့်အစီအမံများ ပြုလုပ်ဖို့တောင်းဆိုမှုများလည်းရှိလာခဲ့သည်။

ဘန်ကောက်မြို့အတွင်း ပထမအကြိမ်ပစ်ခတ်မှုတွင် အောက်တိုဘာ ၃ ရက်က ဆီရမ်ပါရာဂွန် ရှော့ပင်းမောလ်၌ အသက် ၁၄ နှစ်အရွယ် ကလေးငယ်တစ်ဦး ‌ေ-သနတ်နှင့်ပစ်ရာမှ လူ ၃ ဦး ‌ေ-သဆုံးပြီး ၅ ဦး ဒဏ်ရာရရှိခဲ့သကဲ့သို့ ဘန်ကောက်မြို့ ကလောင်တိုအီနယ်မြေရှိ ဆရာမတစ်ဦးသည်လည်း နိုဝင်ဘာ ၁၁ ရက်က ပြိုင်ဘက်ကျောင်းသားဂိုဏ်းများ၏ရန်ပွဲတွင်မတော်တဆအသက်ဆုံးရှုံးခဲ့ရသေးသည်။

ထို့အပြင် မကြာသေးမီက အသက် ၁၅ နှစ်အရွယ် ကျောင်းသူတစ်ယောက်သည်လည်း စွမ်လောင်ခရိုင်၌လူငယ်လူဆိုးဂိုဏ်းများ ရန်ဖြစ်နေချိန် ကျည်ဆန်ထိမှန်ကာ‌ေ-သဆုံးခဲ့သေးကြောင်းလည်းသိရှိရသည်။

Source : Bangkok post


LEAVE A REPLY

Please enter your comment!
Please enter your name here