ရန်ကုန်တိုင်းအတွင်း ပြည်တွင်း/ပြည်ပရင်းနှီးမြှပ်နှံမှု သုံးခု ခွင့်ပြုပေးခဲ့ပြီး၊ လုပ်သား (၉၀၀)နီးပါး အလုပ်အကိုင်ရရှိခဲ့ဟုဆို

0
142

ရန်ကုန်တိုင်းအတွင်း ပြည်တွင်း/ပြည်ပရင်းနှီးမြှပ်နှံမှုသုံးခု ခွင့်ပြုပေးခဲ့ပြီး၊ လုပ်သား (၉၀၀)နီးပါး အလုပ်အကိုင်ဖန်တီးပေးနိုင်ခဲ့ကြောင်း တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီထံက သိရသည်။

ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီအနေဖြင့် စက်မှုကဏ္ဍတွင် ရာ ခိုင်နှုန်းပြည့် မြန်မာနိုင်ငံသားရင်းနှီး မြှုပ်နှံမှု လုပ်ငန်း (၂)ခု နှင့် ရာခိုင်နှုန်းပြည့် နိုင်ငံခြားရင်းနှီး မြှုပ်နှံမှု လုပ်ငန်း (၁)ခုကို အတည်ပြုပေးခဲ့ခြင်းဖြစ်သည်။

ခွင့်ပြုပေးခဲ့သော ရင်းနှီးမြှပ်နှံမှုလုပ်ငန်း သုံးခုအနက် တစ်ခုသည် ပြည်ပရင်းနှီးမြှုပ်နှံမှု CMP စနစ်ဖြင့် အဝတ်အထည်ချုပ်လုပ်ခြင်းလုပ်ငန်းဖြစ်သည်။

အလားတူ ပြည်တွင်းရင်းနှီးမြှုပ်နှံမှု လုပ်ငန်းနှစ်ခုမှာ အသင့်စားခေါက်ဆွဲခြောက်ထုတ်လုပ်ရောင်းချခြင်းလုပ်ငန်းနှင့် CMP စနစ်ဖြင့် အရုပ်အမျိုးမျိုးချုပ်လုပ်ခြင်းလုပ်ငန်းတို့ဖြစ်ကြောင်း သိရသည်။

အဆိုပါ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၏ မတည်ငွေရင်းမှာ ကျပ် ၃,၇၇၉ ဒသမ ၉၇၂ သန်းရှိပြီး၊ အလုပ်အကိုင်အခွင့်အလမ်း (၈၇၇) ဦးအား အလုပ်အကိုင်များဖန်တီးပေးနိုင်ခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here