(၆၀)ကြိမ်မြောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဖလားတပ်မတော်(ကြည်း၊ရေ၊လေ)ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲတွင် စခန်းမှူးရုံးအသင်း အနိုင်ရဗိုလ်စွဲ

0
357

(၆၀)ကြိမ်မြောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဖလား တပ်မတော်(ကြည်း၊ရေ၊ လေ) ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲကို ယနေ့ညနေပိုင်းတွင် နေပြည်တော်ရှိ ဇေယျာသီရိ တပ်မတော် အားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့ရာ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် ကိုယ်စားပြု ဘောလုံးအသင်းနှင့် ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း) စခန်းမှူးရုံး ကိုယ်စားပြုဘောလုံးအသင်းတို့ ယှဉ်ပြိုင်ကစားကြကြောင်း သိရသည်။

ပွဲကစားချိန် ပြီးဆုံးချိန်တွင် တစ်ဖက်သုံးဂိုးစီဖြင့် သရေကျခဲ့ပြီး အချိန်ပို ဆက်လက်ယှဉ်ပြိုင်ခဲ့ကြပြီး အနိုင်အရှုံးမ‌ပေါ်ခဲ့သည့်အတွက် ပင်နယ်တီအဆုံးအဖြတ် ခံယူခဲ့ရာ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)၊ စခန်းမှူးရုံး အသင်းက အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်အသင်းကို (၆) ဂိုး (၅) ဂိုးဖြင့် အနိုင်ရဗိုလ်စွဲခဲ့ကြောင်း သိရသည်။

ယင်းနောက် ဆုချီးမြှင့်ခြင်း အခမ်းအနားတွင်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တပ်မတော် (ကြ ည်း၊ရေ၊လေ)ဘောလုံးပြိုင်ပွဲ(က) အဆင့်ပြိုင်ပွဲတွင် ပထမဆုကို ဆွတ်ခူးနိုင်ခဲ့သည့် ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)၊ စခန်းမှူးရုံး အသင်းအား တပ်မတော်ကာကွယ်ရေးဦး စီးချုပ်၏ တံခွန်စိုက်ဆုဖလား၊ ဆင့်ပွားဆုဖလားနှင့် ငွေသားဆုများအား ပေးအပ်ချီးမြှင့်ခဲ့သည်။

အဆိုပါ (၆၀) ကြိမ်မြောက် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ဖလား၊ တပ်မတော်(ကြည်း၊ရေ၊လေ)ဘောလုံးပြိုင်ပွဲကို (က)အဆင့် ပြိုင်ပွဲနှင့် (ခ)အဆင့် ပြိုင်ပွဲဟူ၍ ပြိုင်ပွဲနှစ်မျိုး ခွဲခြားကာ (က) အဆင့်တွင် ပြိုင်ပွဲဝင်အသင်း(၁၆)သင်း၊ (ခ) အဆင့်တွင် ပြိုင်ပွဲဝင်အသင်း(၈)သင်း စုစုပေါင်း(၂၄)သင်းဖြင့် ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ထို့အပြင် (၅) အဆင့် အုပ်စုပတ်လည်ပြိုင်ပွဲများကို တိုင်းစစ်ဌာနချုပ်များအလိုက် ဇုန်များခွဲ၍ ယှဉ်ပြိုင်ကစားခဲ့ကြပြီး နေပြည်တော်ရှိ ဇေယျာသီရိ တပ်မတော် အားကစားကွင်း၌ ဒုတိယ အဆင့်ရှုံး/ထွက် ပွဲစဉ်များနှင့် ဗိုလ်လုပွဲ ပွဲစဉ်များအား ၂၀၂ ၃ ခုနှစ်၊ နိုဝင်ဘာ (၆) ရက်မှ စတင်၍ ယှဉ်ပြိုင်ကစားခဲ့ကြခြင်းဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here