နောင်ထောင်စစ်ရှောင်စခန်းသို့ စစ်ရှောင်ပြည်သူများ နေ့စဉ်ဝင်ရောက်လျက်ရှိ

0
669

ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် – PNLO/PNLA အခြေပြုရာ နောင်ထောင်စစ်ရှောင်စခန်းသို့ စစ်‌ဘေးရှောင်ပြည်သူများ နေ့စဉ်ဝင်ရောက်လျက်ရှိနေကြောင်း ယမန်နေ့ နိုဝင်ဘာ (၂၄)ရက်က ယင်း အဖွဲ့ချုပ်၏ အသိပေးချက်အရ သိရသည်။

နောင်ထောင်စစ်ဘေးရှောင်စခန်းသို့ နေ့စဉ်ဝင်ရောက်လာသော စစ်ရှောင်များမှာ ကရင်နီပြည်နယ်မှ အများဆုံးဖြစ်ပြီး၊ စစ်ရှောင် ရာနှင့်ချီ၍ ရှိနေပြီဖြစ်ကြောင်းသိရသည်။

စစ်ရှောင်များကို PNLO/PNLA ဗဟိုဒေသန္တရအုပ်ချုပ်ရေးဌာနကြီးနှင့် အလှူရှင်ပြည်သူများပူးပေါင်းပြီး လိုအပ်သည့် စားနပ်ရိက္ခာများကို ဖြန့်ဝေလှူဒါန်းပေးလျက်ရှိသည်။

PNLO အခြေပြုဒေသများအတွင်း စစ်ရှောင်စခန်း ငါးခုနှင့်မနည်း ဖွင့်လှစ်ပေးထားပြီး၊ လာရောက်ခိုလှုံသည့် စစ်ရှောင်များသည် နီးစပ်ရာစခန်းများသို့ နေ့စဉ်ဝင်ရောက်လာနေခြင်းဖြစ်သည်ဟု ဗိုလ်မှူးကြီး ခွန်အာဠာရ က ဆိုသည်။

စစ်ရှောင်စခန်းများမှာ ဆီဆိုင်မြို့နယ်အတွင်းရှိ နောင်ထောင်၊ ဘုရားဖြူ၊ ကယန်းလေး၊ ဆီဘွာ၊ ဒေါမထော၊ ဒေါမထာ စသည့် ဒေသများအတွင်း ရှိနေခြင်းဖြစ်သည်။

ပဋိပက္ခများကြောင့် နေရပ်စွန့်ခွာစစ်‌ဘေးရှောင်ပြည်သူ (၂၈၆,၀၀၀ ) ကျော်အထိရှိလာပြီဖြစ်ကြောင်း UN ၏ ထုတ်ပြန်ချက်အရသိရသည်။

ဓာတ်ပုံ- PNLO/PNLA


LEAVE A REPLY

Please enter your comment!
Please enter your name here