ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် (၇၇/၄) နှင့် (၇၇/၅) အကြား ယာဉ်တစ်စီး မတော်တဆမှုဖြစ်ပွား ၂ ဦး ဒဏ်ရာရ

0
1049

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် (၇၇/၄) နှင့် (၇၇/၅) အကြားတွင် နိုဝင်ဘာ ၂၄ ရက် ညနေ ၅ နာရီခွဲ အချိန်ခန့်က TOYOTA PROBOX (ခဲရောင်) ယာဉ်(၁)စီး မောင်းနှင်လာစဉ် အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းရှိ သံဘောင်တန်းအား ဝင်ရောက်တိုက်မိမှုဖြစ်ပွားခဲ့ကြောင်း ဥသျှစ်ကုန်းအမြန်းလမ်းမီးသတ်စခန်းမှ သိရသည်။

အဆိုပါ ယာဉ်တိုက်မှု ဖြစ်စဉ်ကြောင့် ယာဉ်ပေါ်ပါ အမျိုးသား ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ရာ ဥသျှစ်ကုန်းအမြန်းလမ်းမီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ကူညီဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်ကြောင့် ယာဉ်ပေါ်ပါ အမျိုသား (၂)ဦး အနက်၊ (၁)ဦး ထိခိုက်ဒဏ်ရာ(စိုးရိမ်ရ)နှင့် (၁)ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)တို့အား 192 လူနာတင်ယာဉ်ဖြင့် မြို့ချောင်းဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here