ပြည်တွင်း ဘုရားဖူးလုပ်ငန်းများ ဒီဇင်ဘာ (၃၁)နောက်ဆုံးထားပြီး ပြည်တွင်းဘုရားဖူးအသင်းဝင်အဖြစ် လျှောက်ထားရန်ထုတ်ပြန်

0
164

ရန်ကုန်တိုင်းဒေသကြီး အခြေစိုက် ပြည်တွင်းဘုရားဖူး ဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်သူများအနေဖြင့် ဒီဇင်ဘာ (၃၁) ရက် နောက်ဆုံးထားပြီး ပြည်တွင်းဘုရားဖူး အသင်းဝင်ရောက်ရန် လိုအပ်ကြောင်း ပြည်တွင်းဘုရားဖူးအသင်းက အသိပေး ထုတ်ပြန်ထားသည်။

ပြည်တွင်းဘုရားဖူးလုပ်ငန်းများ အသိအမှတ်ပြုလက်မှတ် ရယူလျှောက်ထားရန် တိုင်းအစိုးရအဖွဲ့က ညွှန်ကြားထားပြီး အသိအမှတ်ပြုလက်မှတ်ကို ပြည်တွင်းဘုရားဖူးအသင်းဝင်ဖြစ်မှသာ လျှောက်ထား၍ ရမည်ဖြစ်ကြောင်းလည်း သိရသည်။

ပြည်တွင်းဘုရားဖူးအသင်း၏ ထုတ်ပြန်ချက်အရ ဘုရားဖူး ဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်သူများအနေဖြင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ထုတ်ပေးသည့်  ပြည်တွင်းဘုရားဖူးနှင့် ခရီးသွားဝန်ဆောင်မှုလုပ်ငန်း အသိအမှတ်ပြုလက်မှတ်ကို မဖြစ်မနေ လျှောက်ထားရန် လိုအပ်ကြောင်း သိရသည်။

ထို့အပြင် ရန်ကုန်အခြေစိုက် ပြည်တွင်းဘုရားဖူးခရီးသွားလုပ်ငန်းများအနေဖြင့် သတ်မှတ်ချက်များနှင့်အညီ ဝန်ဆောင်မှု ပေးခြင်း ရှိ /မရှိကို ၂၀၂၄ ခုနှစ် ဇန်နဝါရီ (၁) ရက် မှစတင်ပြီး သက်ဆိုင်ရာဌာနများမှ စိစစ်ကြပ်မတ် သွားမည်ဖြစ်ကြောင်းလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here