CNG အရောင်းဆိုင်များတွင် မိုဘိုင်းအက်ပလီကေးရှင်းဖြင့် တုံကင်ယူသည့်စနစ် ဆောင်ရွက်မည်

0
308

CNG သဘာဝဓာတ်ငွေ့ အရောင်းဆိုင်များတွင် IT နည်းပညာရပ်ကို အသုံးပြု၍ မိုဘိုင်းအက်ပလီကေးရှင်းဖြင့် တုံကင်ယူသည့်စနစ်ကို ကျင့်သုံးသွားမည်ဖြစ်ကြောင်း မော်တော်ယာဉ်သုံး သဘာဝဓာတ်ငွေ့ဌာနမှ  အထွေထွေမန်နေဂျာ ဦးကျော်သူရဝင်း၏ ပြောကြားချက်အရ သိရသည်။

အဆိုပါ အက်ပလီကေးရှင်းတွင် CNG အရောင်းဆိုင်များ၏ ကြေညာချက်များ၊ နောက်ဆုံးရ သတင်းများနှင့် ခန့်မှန်းစောင့်ဆိုင်းရမည့် ကြာချိန်ကို သိရှိရမည်ဖြစ်သည်။

ယင်း မိုဘိုင်း အက်ပလီကေးရှင်း တုံကင်စနစ် အကောင်အထည်ဖော်ရန် ပုဂ္ဂလိကကုမ္ပဏီတစ်ခုနှင့် ကနဦးစတင်ဆောင်ရွက်နေပြီ ဖြစ်ကြောင်း ၎င်းကဆိုသည်။

ထို့ပြင် CNG အရောင်းဆိုင်များတွင် လျှပ်စစ်ဓာတ်အား ပုံမှန်ရရှိရန် သက်ဆိုင်ရာ၊ ဌာနဆိုင်ရာများနှင့် ပူးပေါင်း ဆောင်ရွက်နေကြောင်းလည်း ၎င်းကဆက်လက်ပြောကြားခဲ့သည်။

CNG သုံး မော်တော်ယာဉ် အစီးရေ ၃ သောင်းကျော်အတွက် နေ့စဉ်ကုဗပေသန်း ၂၀ နီးပါး ရောင်းချပေးနေကြောင်း၊ ရန်ကုန်တိုင်းအတွင်းရှိ သဘာဝဓာတ်ငွေ့အရောင်းဆိုင်များအတွက် ကုန်းတွင်းသဘာဝဓာတ်ငွေ့ကို ညောင်တုန်း၊ မအူပင်၊ အဖျောက်၊ ကမ်းလွန်သဘာဝဓာတ်ငွေ့ကို ဇောတိကသဘာဝဓာတ်ငွေ့အား အသုံးပြုနေကြောင်း သိရသည်။

ထို့အပြင် လက်ရှိအချိန်ထိဈေးနှုန်းပြောင်းလဲခြင်းမရှိပဲ တစ်ကီလိုဂရမ် ၂၇၃ ကျပ် ၂၅ ပြားနှုန်းဖြင့် ရောင်းချပေးနေကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here