အမေရိကန် စစ်စခန်းများရှိရာ နယ်မြေတွေကို ရိုက်ကူးထားတဲ့ သူလျိုဂြိုဟ်တုဓာတ်ပုံများကို ကင်ဂျုံအွန် ကြည့်ရှုစစ်ဆေး

0
435

ဆိုးလ်မြို့တော် အပါအဝင် အမေရိကန်စစ်စခန်းတွေအခြေစိုက်ရာ တောင်ကိုရီးယား မြို့ကြီးတွေပါဝင်တဲ့ အဓိကနယ်မြေတွေအပေါ် သူလျိုဂြိုဟ်တုသစ်ကနေ ရိုက်ယူထားတဲ့ ဓာတ်ပုံတွေကို မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်က စစ်ဆေးကြည့်ရှုခဲ့တယ်လို့ နိုင်ငံပိုင်မီဒီယာက စနေနေ့(နိုဝင်ဘာ ၂၅) မှာ ထုတ်ပြန်ပါတယ်။

နျူကလီးယားလက်နက်ပိုင် မြောက်ကိုရီးယားဟာ အင်္ဂါနေ့မှာ သူလျိုဂြိုဟ်တု လွှတ်တင်ခဲ့တာဖြစ်ပါတယ်။ သို့ပေမယ့် ဂြိုဟ်တုရဲ့စွမ်းဆောင်နိုင်ရည်နဲ့ပတ်သက်လို့ လွတ်လပ်တဲ့ စစ်ဆေးအတည်ပြုနိုင်မှုမျိုး မရှိဘူးလို့ တောင်ကိုရီးယား ကာကွယ်အရာရှိတွေနဲ့အကဲခတ်တွေက ပြောဆိုကြပါတယ်။ ဆိုးလ်မြို့နဲ့အမေရိကန်တပ်စခန်းတွေ၊ တောင်ကိုရီးယားတပ်စခန်းတွေ အခြေစိုက်ရာ အခြားမြို့ကြီးတွေဖြစ်တဲ့ မော့ခ်ပို၊ ကန်ဆန်၊ ပြောင်တက်ခ်နဲ့အိုဆန်မြို့ကြီးတွေရဲ့ဓာတ်ပုံတွေကို ကင်က စစ်ဆေးသုံးသပ်ခဲ့တယ်လို့ဆိုပါတယ်။ သောကြာနေ့မနက်ပိုင်းမှာ ကိုရီးယားကျွန်းဆွယ်ပေါ် ဂြိုဟ်တုဖြတ်ပျံသန်းစဉ် အဆိုပါဓာတ်ပုံတွေကို ရိုက်ယူခဲ့တာဖြစ်တယ်လို့နိုင်ငံပိုင် KCNA သတင်းဌာနက ဖော်ပြပါတယ်။

ပြုံယမ်းမြို့ရှိ အမျိုးသား အာကာသနည်းပညာဌာန(NATA) သို့ သောကြာနေ့မှာ ကင်ဂျုံအွန် လာရောက်ခဲ့စဉ် ဓာတ်ပုံတွေကို စစ်ဆေးသုံးသပ်ခဲ့တာဖြစ်ပြီး မြောက်ကိုရီးယားနယ်စပ်အနီးက နယ်မြေအချို့ကို ရိုက်ယူထားတဲ့ ပုံရိပ်တွေလည်း ပါဝင်တယ်လို့ဆိုပါတယ်။

စနေနေ့မှာ NATA သို့ ကင်ထပ်မံလာရောက်ခဲ့ပြီး ယင်းမနက်ပိုင်းမှာ တောင်ကိုရီးယားရဲ့ အခြားမြို့တွေအပေါ် ဂြိုဟ်တုက ရိုက်ယူထားတဲ့ ပုံတွေကို ဆက်လက် စစ်ဆေးကြည့်ရှုခဲ့တယ်လို့ သိရပါတယ်။
ဓာတ်ပုံတစ်ပုံမှာဆိုရင် တောင်ကိုရီးယားမြို့ ဘူဆန်ဆိပ်ကမ်းကို အင်္ဂါနေ့မှာ ဆိုက်ရောက်လာခဲ့တဲ့ အမေရိကန် လေယာဉ်တင်သင်္ဘော ကားဗင်ဆင်ရဲ့ပုံရိပ်တွေလည်း ပါဝင်ခဲ့တယ်ဘို့ KCNA က ဖော်ပြသွားခဲ့ပါတယ်။

Ref: Reuters


LEAVE A REPLY

Please enter your comment!
Please enter your name here