တရုတ်နိုင်ငံက မြန်မာနိုင်ငံအခြေအနေပြန်တည်ငြိမ်လာစေရန် မျှော်လင့်ဟု မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ သံမှူးကြီး ပြောကြား

0
218

တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ အခြေအနေပြန်တည် ငြိမ်လာစေရန် မျှော်လင့်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ သံမှူးကြီး Dr Zheng Zhihong က ပြောကြားခဲ့သည်။

နိုဝင်ဘာ (၂၄) ရက် ရန်ကုန်မြို့ရှိ Wyndham Grand ဟိုတ ယ်တွင်ပြုလုပ်သည့် (၃) ကြိမ်မြောက် တရုတ်-မြန်မာ နှစ်နိုင်ငံ မီဒီယာများ တွေ့ဆုံပွဲ၌ မိန့်ခွန်းတွင်ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

တရုတ်နိုင်ငံက မြန်မာနိုင်ငံအခြေအနေ တည်ငြိမ်လာစေရန် မျှော်လင့်ကြောင်းနှင့် မြန်မာနိုင်ငံအနေဖြင့် မိမိနိုင်ငံအခြေ အနေနှင့် ကိုက်ညီသည့်  ဖွံ့ဖြိုးတိုးတက်မှုလမ်းကြောင်း ရှာဖွေခြင်းကို အားပေးကြောင်း ပြောကြားခဲ့သည်။

ထို့အပြင် တရုတ် – မြန်မာ စီးပွားရေးစင်္ကြံတည်ဆောက်မှုကို ဖော်ဆောင်၍ Belt and Road တည်ဆောက်ကာနှစ်နိုင်ငံလူမှု စီးပွားဖွံ့ဖြိုးတိုးတက်မှုနှင့် လူနေမှုဘဝ အကျိုးဖြစ်ထွန်းမှုကို မြှင့်တင်သွားမည်ဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။

မြန်မာနိုင်ငံကို အမြန်ဆုံးတည်ငြိမ်အေးချမ်းဖွံ့ဖြိုးတိုးတက်လာရန် မျှော်လင့်ပြီး နှစ်နိုင်ငံပြည်သူများ ရာသက်ပန် အိမ်နီးချင်းကောင်း၊ မိတ်ဆွေကောင်း ဆွေမျိုးပေါက်ဖောက်ကောင်းဖြစ်လာစေရန် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ် ကြောင်း ‌ဆက်လက်ပြောကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here