YBS အမှတ် (၁၄၄)ယာဉ်လိုင်းအသစ် စတင်ပြေးဆွဲခြင်းအထိမ်း အမှတ်အဖြင့် အခမဲ့ပြေးဆွဲပေးမည်

0
664

YBS အမှတ် (၁၄၄)ယာဉ်လိုင်းအသစ် စတင်ပြေးဆွဲခြင်းအထိမ်းအမှတ်အဖြင့် တန်ဆောင်မုန်းလပြည့်နေ့ (နိုဝင်ဘာ -၂၇) ရက်နေ့ တစ်ရက်တာအတွက် ယာဉ်စီးခ အခမဲ့ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ YBS အမှတ် (၁၄၄)ယာဉ်လိုင်းသည် ပြည်စံသူအများနှင့်သက်ဆိုင်‌သော ကုမ္ပဏီလိမိတက်က တာဝန်ယူပြေးဆွဲပေးမည့် ယာဉ်လိုင်းတစ်ခုလည်းဖြစ်သည်။

အခမဲ့ပြေးဆွဲပေးရာတွင် သတ်မှတ်ထားသော လမ်း‌ကြောင်းအတိုင်း ယုဇနဥယျာဥ်မြို့တော် – သိမ်ချောင်း – ဆောက်လုပ်ရေး – တောင်မြောက်လမ်းဆုံ – သုဝဏ္ဏစျေး – သုဝဏ္ဏလမ်းဆုံ – တာမွေဗလီ – ရွှေဂုံတိုင် – မြေနီကုန်း – အောက်ကြည့်မြင်တ်ိုင်လမ်း – သခင်မြပန်းခြံ အထိ ဂိတ်စဂိတ်ဆုံးပြေးဆွဲသွားမည်ဖြစ်ကြောင်း သိရသည်။

ယခုလ နိုဝင်ဘာ (၂၃)ရက်တွင် ပြည်စံသူကုမ္ပဏီလိမိတက်မှ အဆိုပါ ယာဉ်လိုင်းအသစ်အား စတင်ပြေးဆွဲမည်ဟု သတင်းထွက်ပေါ်ခဲ့သော်လည်း မည်သည့်ရက်တွင် ပြေးဆွဲမည်ဆိုခြင်းကို အတိအကျမသိရသေးကြောင်း ယင်းကုမ္ပဏီက ပေါ်ပြူလာနယူးစ်ကို ပြောကြားထားသည်။

သို့သော် နိုဝင်ဘာ (၂၃)ရက်တွင် အဆိုပါ ယာဉ်လိုင်းသစ်ဖွင့်ပွဲကို ပြည်စံသူကုမ္ပဏီက ဖွင့်လှစ်ပေးခဲ့သည်။

လက်ရှိကာလတွင် YRTC ၏ ကြီးကြပ်မှုအောက်၌ အများနှင့်ဆိုင်သော YBS ကုမ္ပဏီ (၂၁)ခုက ယာဉ်လိုင်းပေါင်း (၁၄၅)လိုင်း၊ ယာဉ်စီးရေ (၃၇၀၀)ခန့်ဖြင့် ရန်ကုန်နေပြည်သူ ၁ ဒဿမ ၄ သန်းကျော်ကို နေ့စဉ် ပို့ဆောင်ပေးလျှက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here