(၃) နှစ်နီးပါးအတွင်း ပဲခူးတိုင်းအတွင်းသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ကန်ဒေါ်လာသန်း (၂၀၀) နီးပါး ဝင်ရောက်ထား

0
151

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှ ယခု ၂၀၂၃ ခုနှစ် နိုဝင်ဘာအထိ (၃) နှစ်နီးပါး ကာလအတွင်း ပဲခူးတိုင်းဒေသကြီးသို့ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု ကန်ဒေါ်လာ (၁၉၇.၁၁၇) သန်း ဝင်ရောက်ခဲ့ကြောင်း ပဲခူးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ (BRIC) က သိရသည်။

အဆိုပါ ကာလအတွင်း ပြည်တွင်းနေ နိုင်ငံသားများ၏ ရင်းနှီးမြှုပ်နှံမှုပမာဏ ငွေကျပ်(၇၅၄၅၆.၂၇၅) သန်း ဝင်ရောက်ခဲ့ပြီး ပြည်တွင်း/ပြည်ပ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများမှ အလုပ်အကိုင်အခွင့်အလမ်း (၁၁၂၈၁) ဦး ဖော်ဆောင်ပေးနိုင်ခဲ့ကြောင်း သိရသည်။

ယခု နိုဝင်ဘာတစ်လတည်းတွင် အမေရိကန် (၁.၆၆၂) သန်း ပမာဏရှိသည့် နိုင်ငံခြားတိုက်ရိုက်ရင်းနှီး မြှုပ်နှံမှု လုပ်ငန်းအသစ် (၁) ခု ဝင်ရောက်ခဲ့သလို နိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံ လုပ်ကိုင်လျက်ရှိသည့် လုပ်ငန်းများမှ အမေရိကန်ဒေါ်လာ (၇) သန်း ပမာဏ ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ခဲ့ကြောင်းလည်း သိရသည်။

လယ်ယာကဏ္ဍ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် လယ်ယာသုံးစက်ကိရိယာ ထုတ်လုပ်သည့် လုပ်ငန်းများ၊ မြေဩဇာထုတ်လုပ်သည့် လုပ်ငန်းများနှင့် မွေးမြူရေးထုတ်ကုန်အတွက် အအေးခန်းစက်ရုံများ ဖွင့်လှစ်နိုင်ရေး စသည့် လုပ်ငန်းများ၌ ပြည်ပရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်သွားရန် လိုအပ်ကြောင်း ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပြောသည်။

နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ လွယ်ကူလျင်မြန်စွာ ဆောင်ရွက်နိုင်ရေးအတွက် ဥပဒေနှင့်အညီ သက်ဆိုင်ရာ ဌာနဆိုင်ရာဌာနများက ပူးပေါင်းကူညီ ဆောင်ရွက်သွားကြရန်လည်း တိုင်းဝန်ကြီးချုပ်က တိုက်တွန်းခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here