ဝေါမြို့အနီး (၁၈)ဘီးတွဲကားက ယာဉ်နှစ်ဆင့် ဆက်တိုက်မှုဖြစ်ပွား၊ နေရာတွင်ပင် တစ်ဦး‌ေ-သဆုံး၊ (၁၃)ဦး ပြင်းထန်ဒဏ်ရာရရှိ

0
209

ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ်၊ အဗျားဘိုတဲကျေးရွာအနီး၊ ရန်ကုန်-မော်လမြိုင်ကားလမ်း မိုင်တိုင်အမှတ်(၇၆/၅)နှင့် (၇၆/၆)ကြား၌ ယနေ့ နိုဝင်ဘာ (၂၆)ရက် နံနက် (၅)နာရီ (၄၅)မိနစ်အချိန်ခန့်တွင် (၁၈)ဘီးတွဲကားက ယာဉ်နှစ်စီးအားဆင့်ကဲ တိုက်မှုဖြစ်ပွားခဲ့ရာ တစ်ဦး‌ေ-သဆုံးပြီး (၁၃) ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း ရန်ကုန်တိုင်းမီးသတ်တပ်ဖွဲ့၏ အသိပေးထုတ်ပြန်ချက်အရ သိရသည်။

ယင်းဖြစ်စဉ်တွင် ဝင်တိုက်သည့် FUSO-70 (၁၈)ဘီး ယာဉ်မောင်းနှင်သူမှာ နေရာတွင်ပင် ပွဲချင်းပြီး‌ေ-သဆုံးခဲ့ပြီး၊ SCANIA အမျိုးအစားခရီးသည်တင်ယာဉ်ပေါ်မှ အမျိုးသမီး (၉)ဦး၊ အမျိုးသား(၄)ဦး စုစုပေါင်း (၁၃)ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

ခရီးသည်ယာဉ်ပေါ်မှ ထိခိုက်ဒဏ်ရာရရှိသူ (၁၃)ဦးအနက် အမျိုးသမီး(၂)ဦးနှင့် အမျိုးသား(၂)ဦးမှာ စိုးရိမ်ရသည့်အခြေအနေတွင်ရှိကြောင်း ဆိုသည်။

ထိခိုက်ဒဏ်ရာရရှိသူများကို ဝေါမြို့နယ်ပရဟိတအသင်းနှင့် ဖြူစင်မေတ္တာပရဟိတအသင်းယာဉ်များဖြင့် ဝေါပြည်သူ့ဆေးရုံသို့ ကူညီပို့ဆောင်ပေးထားပြီးဖြစ်ကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်မှာ ရန်ကုန်-မော်လမြိုင်ကားလမ်း မိုင်တိုင်အမှတ်(၇၆/၅)နှင့် (၇၆/၆)ကြား၌ ကျိုက်ထိုဘက်မှ ဝေါဘက်သို့ မောင်းနှင်လာသော FORLAND အမျိုးအစား (အပြာရောင်)(၆)ဘီးယာဉ်မှာ ကားလမ်းမပေါ်တွင် စက်သပ်ရပ်နားထားစဉ် လားရာတူ ကျိုက်ထိုဘက်မှ ဝေါဘက်သို့ မောင်းနှင်လာသည့် FUSO-70 (အဖြူရောင်) (၁၈)ဘီး တွဲကားယာဉ်သည် ကျော်တက်စဉ်အရှိန်မထိန်းနိုင်ဘဲ FORLAND ယာဉ်နောက်ပိုင်းအား ကနဦးတိုက်မိခဲ့ခြင်းဖြစ်သည်။

ထို့နောက် FUSO-70 (အဖြူရောင်) (၁၈)ဘီး တွဲကားယာဉ်သည် တစ်ဖက်ယာဉ်ကြောပေါ်သို့ ရောက်ရှိသွားပြီး၊ မျက်နှာချင်းဆိုင်မှ မောင်းနှင်လာသော SCANIA (ဖြူ/ဝါကြားရောင်) ခရီးသည်တင်ယာဉ်အား ဝင်ရောက်တိုက်မိခြင်းဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here