မန္တလေးအိမ်ခြံမြေစျေးကွက် အငှားပြန်သွက် ငှားရမ်းခလည်း မြင့်တက်

0
223

လူနေထိုင်မှုနှင့် ဆိုင်ခန်းဖွင့်လှစ်ရန် ကောင်းမွန်သော အချက်အချာကြသည့် လမ်းမကြီးနှင့် လူစည်ကားရာ ရပ်ကွက်ကြီးများတွင် ငှားရမ်းလိုမှု အများဆုံးဖြစ်နေကြောင်း မန္တလေးအိမ်ခြံမြေစျေးကွက်က သိရသည်။

“မြို့တွင်းပိုင်း လမ်းမကြီးတွေနဲ့ အချက်အချာကြတဲ့ နေရာတွေ ပိုရှာခိုင်းတယ်”ဟု ချမ်းမြသာစည်မြို့နယ်မှ အိမ်ခြေမြေအကျိုးဆောင်တစ်ဦးက ပြောသည်။

မြို့တွင်းပိုင်း၌ ၇၃ လမ်းမတန်း၊ ဆေးတက္ကသိုလ်အနီးဝန်းကျင် ရပ်ကွက်များ၊ မဂ်လာမန္တလေးအနီးဝန်းကျင် ရပ်ကွက်များ၊ ၆၂ လမ်းမတန်း၊ ၃၅ လမ်းမတန်းနှင့် လမ်း ၃၀ တို့တွင် ငှားရမ်းလိုမှု အများဆုံး ဖြစ်နေကြောင်း သိရသည်။

“အရင်က လူပါ နေလို့ရတဲ့ ဆိုင်ခန်းတစ်ခန်းဆိုရင် ငွေကျပ် ၂၅၀,၀၀၀၊ ၃၀၀,၀၀၀ လောက် သုံးနိုင်ရင်ရတယ်။ အခုက အနည်းဆုံးကို ငွေကျပ် ၃၀၀,၀၀၀ ကျော်မှ ရတော့တယ်”ဟု အိမ်ခြံမြေအကျိုးဆောင်က ဆိုသည်။

“စစ်ဘေးရှောင်တွေလဲ အရမ်းများလာတယ်၊မုံရွာ ၊ရွှေဘို၊ ကောလင်း၊ လားရှိုး တို့ကနေပြောင်းလာတဲ့ မိသားစုတွေများတယ်”ဟုမြို့ခံတစ်ဦးကဆိုသည်။

စျေးဆိုင်များ၊ ရုံးခန်းများဖွင့်လှစ်ရန်၊ စီးပွားရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန်အတွက် မြေနေရာအကျယ်အဝန်း လုံလောက်စွာ ရှိသောနေရာများ ပို၍ အငှားဖြစ်နေကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here