OWIC ကတ်ပြုလုပ်ရာတွင် ငွေပေးသွင်းပြီးသော ထိုင်း‌နိုင်ငံရောက် မြန်မာလုပ်သားများအတွက် လာရောက်ထုတ်ယူရန် (၄)လ သက်တမ်းတိုးမြှင့်ပေး

0
150

ပြည်ပအလုပ်သမားသက်သေခံကတ်(OWIC) ပြုလုပ်ရာတွင် ငွေပေးသွင်းပြီးသော ထိုင်း‌နိုင်ငံရောက် မြန်မာလုပ်သားများအတွက် လာရောက်ထုတ်ယူရန် (၄)လ သက်တမ်း ထပ်မံတိုးမြှင့်ပေးကြောင်း ထိုင်းနိုင်ငံ၊ မဟာချိုင် သာမန်မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးဌာနစိတ်က ယနေ့တွင် အသိပေး ထုတ်ပြန်သည်။

ထိုင်းနိုင်ငံရောက်မြန်မာလုပ်သားများအား OWIC ကတ် ပြုလုပ်ပေးရာတွင် ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ (၂၄)ရက်နေ့မှ စတင်၍ နိုဝင်ဘာ (၂၄)ရက်နေ့အထိ သုံးလအတွင်း ထုတ်ပေးလျှက်ရှိကြောင်း သိရသည်။

သို့သော် အကြောင်းအမျိုးမျိုးကြောင့် OWIC ကတ် လာရောက်ထုတ်ယူရန် အခက်အခဲဖြစ်နေသောသူများအတွက် အဆင်ပြေစေရန် ကတ်ထုတ်ယူမှုကို ၂၀၂၄ ခုနှစ် မတ်လ (၃၁)ရက်နေ့အထိ လေးလ ထပ်မံ တိုးမြှင့်ပေးထားသည်။

မြန်မာနိုင်ငံမှ ပြည်ပ (၉၃) နိုင်ငံသို့ သွားရောက်အလုပ်လုပ်ကိုင်သည့်လုပ်သား ဦးရေ စုစုပေါင်း (၁,၆၈၄,၉၃၄)သိန်းကို ပြည်ပအလုပ်သမားသက်သေခံကတ်(OWIC) ထုတ်ပေးပြီးဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်ရှိ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန ၏ စာရင်းအချက်အလက်အရ သိရသည်။

လက်ရှိအချိန်တွင် ထိုင်းနိုင်ငံ သို့ သွားရောက်အလုပ်ကိုင်လျက်ရှိသော လုပ်သား(၁,၁၁၀,၅၉၅) ဦး၊ စင်ကာပူနိုင်ငံသို့ (၅၂,၀၃၅ )ဦး၊ ကိုရီးယားနိုင်ငံသို့ (၆၄,၃၆၄) ဦး၊ ဂျပန်နိုင်ငံသို့ (၆၀,၀၁၃) ဦး၊ မလေးရှားနိုင်ငံသို့ (၃၈၅,၅၆၆) ဦးတို့ ရှိပြီဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here